ဘတ် ၃၀ ဖိုး ကောက်ညှင်းနဲ့ ကြက်သား ကြော်ထုပ် ပျောက်ရာ ကနေ ပရိသတ်သန်းကျော်နဲ့ နာမည်ကြီး

နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄

ထိုင်းနိုင်ငံ စတွန်းခရိုင်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး - ခနစ်ထာ ကျန်ဆဝမ် (နောင့်လိုင်လာ့) ဟာ ကောက်ညှင်းပေါင်းနဲ့ကြက် သားကြော်ထုပ်ပျောက်လို့ မကျေမနပ်မှုကို ဗီဒီယိုခလစ်နဲ့ရင်ဖွင့်ပြီး အွန်လိုင်းပေါ်တင်လိုက်တာနဲ့ ၁ ရက် ၂ ရက်အတွင်းမှာ ပရိသတ်သန်းကျော် ကြည့်ရှုအားပေးလို့ ယခုပတ်အတွင်း ထိုင်းနိုင်ငံတဝှမ်းမှာ နာမည်အကြီးဆုံး ဖြစ်နေပါတယ်။

အခုဆိုရင် နောင့်လိုင်လာ့ကို လက်ကိုင်ဖုန်းအရောင်း ကိုယ်စားလှယ်တော်တော် များများက ပရီစင်တာ လုပ်ပေးဖို့ ဖုန်းဆက်ပြော ဆိုလာကြတဲ့အထိဖြစ် လာတာပါ။

နောင့်လိုင်လာ့ဟာ စတွန်းခရိုင် စတွန်းမြို့တွင်းမြို့နယ် မှာနေထိုင်တဲ့ ဆင်းရဲသားမိသားစု က ပေါက်ဖွားလာတာဖြစ်ပါတယ်။ သူမဟာ အဖွားနဲ့ အတူနေထိုင်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ ရပ်ကွက်ရဲ့လမ်းထိပ် ဆဲဗင့်အီလဲဗင့်စတိုးရဲ့ရှေ့က ကောက်ညှင်းပေါင်း ကြက်သားကြော် ဘတ် ၃၀ ဖိုးဝယ်ပြီးဆိုင်ကယ်ခြင်းထဲထည့်ထားပါတယ်။ အဲဒီနောက် ဆဲဗင့်စတိုးထဲ ဝင်ပြီး ဖုန်းဖိုးသွင်းတဲ့ ၅ မိနစ်အတွင်းမှာကောက်ညှင်းပေါင်း ကြက်သားကြော် ထုပ်ပျောက် သွားပါတယ်။ ထပ်ဝယ် ဖို့ပိုက်ဆံလည်းမကျန် ဗိုက်ကလည်း ဆာလောင်နေတာကြောင့် နောင့်လိုင်လာ့ဟာ အရမ်း စိတ်ဆိုး သွားပြီး အိမ်ပြန် အရောက်မှာတော့ လက်ကိုင်ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး ကောက်ညှင်း ထုပ်သူခိုးကို ပေါက်ကွဲဆဲဆိုလိုက်ပါတယ်။

အဲဒီ နျိုကိုင်ဟိုင် လို့အမည်ရတဲ့ ကောက်ညှင်းထုပ်ပျောက်တဲ့ ဗီဒီယိုကလစ် ကို ဖေ့စ်ဘုတ်ပေါ်တင် လိုက်တာနဲ့ အွန်လိုင်းမှာရော ယူကျုမှာပါ ပျံ့နှံ့သွားပြီး တရက် ၂ ရက်အတွင်းမှာ ကြည့်တဲ့သူ တသန်းကျော် တက်သွားပါတယ်။

ပျောက်ဆုံးပစ္စည်းဟာ တခြားသူတွေအတွက် တန်ဖိုးမကြီးပေမယ့် ဆင်းရဲသားတယောက်အတွက် တော့ လွန်စွာမှ တန်ဖိုးကြီးကြောင်း၊ အကျင့်ပျက်တဲ့လူတွေ တော်တော်များများ ရှိနေတဲ့အပေါ် လည်း စိတ်ပျက်မိကြောင်း- ဗီဒီယိုကလစ်မှာ နောင့်လိုင်လာ့က ရင်ဖွင့်ထားပါတယ်။

ဒီအတွက် ကာယကံရှင်က ရဲစခန်းကိုမတိုင်ကြားပါဘူး။ သို့ပေမယ့် တန်ဖိုးနည်းပစ္စည်းဖြစ်စေကာမူ ခိုးယူတဲ့လူဟာ ခိုးမှုမြောက်ပါတယ်လို့ ရဲတွေကပြောဆိုပြီး ဆဲဗင့်စတိုးရဲ့ စီစီတီဗီကင်မရာကို ပြန်လည်ကြည့်ရှုစစ်ဆေးမယ်လို့ပြောဆိုတဲ့ အဆင့်ရောက်လာပါတယ်။

တဖက်ကလည်း နိုဝင်ဘာ ၁၃ ရက်က မြို့နယ်အုပ်ချုပ် ရေးမှူး ကိုယ်တိုင် ကောက်ညှင်းပေါင်း နဲ့ကြက်ကြော်ဝယ်ပြီး နောင့်လိုင်လာ့ကိုအိမ်အထိ လာရောက်လည်ပတ်သတင်းမေးမြန်းခဲ့ပါတယ်။

အုပ်ချုပ်ရေးရုံးကလည်း နောင့်လိုင်လာ့ကို ဖိတ်ခေါ်ပြီး နိုင်ငံသားမှတ်ပုံ တင်ကဒ်ရိုက်ပေးခဲ့ပါတယ်။ နောင့်လိုင်လာ့ရဲ့ ဗီဒီယိုခလစ်ကြောင့် ကောက် ညှင်းကြက်ကြော်ဆိုင်ကလည်း တမုဟုတ်ချင်း နာမည်ကြီးလာပြီး လာရောက် ဝယ်စားတဲ့လူတွေပြည့်နှက်နေခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထား ပါတယ်။

ထုတ်ကုန်ပစ္စည်းတွေ ပရီစင်တာလုပ်ပေးဖို့ စီးပွါးရေးလုပ်ငန်း တော်တော် များများက နောင့်လိုင် လာ့ဆီကို ဖုန်းဆက်လာတဲ့အတွက် နောင့် လိုင်လာ့တယောက် ဘာမှမဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ မိမိနာမည်နဲ့ အွန်လိုင်းမှာ ဖေ့စ်ဘုတ်အကောင့်တွေ ပေ့ခ်ျတွေဖွင့်လာတာတွေ့ရလို့ စိတ်ညစ်နေတယ်လို့ဆိုပါတယ်။ ကောင်းမွန်တဲ့စေတနာနဲ့ဖွင့်ပေးတာရှိသလို မကောင်းတဲ့စေတနာ နဲ့ ဖွင့်ထားတာလည်းဖြစ်နိုင်တယ်လို့နောင့်လိုင်လာ့က ဆိုပါတယ်။

ကျောင်းနေအရွယ်ဖြစ်တဲ့အတွက် ဘာမှစိတ်မဝင်စားသေးေ ကြာင်း၊ ကောက်ညှင်း ထုပ်သူခိုးကို စိတ်ဆိုးပြီး ဆဲဆိုတဲ့ ဗီဒီယိုခလစ် ဖေ့စ်ဘုတ်ပေါ်တင်လိုက်တာဟာလည်း နာမည်ကြီးလိုတဲ့ ရည်ရွယ်ချက်လည်း မရှိခဲ့ကြောင်း နောင့်လိုင်လာ့က ရိုးစင်းစွာနဲ့ ထိုင်းသတင်းမီဒီ ယာ တွေကိုပြော ဆိုပါတယ်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ဓါတ်ပုံ- ကောက်ညှင်းထုပ်ပိုင်ရှင် နောင့်လိုင်လာ့


ဘတ် ၃၀ ဖိုး ကောက်ညှင်းနဲ့ ကြက်သား ကြော်ထုပ် ပျောက်ရာ ကနေ ပရိသတ်သန်းကျော်နဲ့ နာမည်ကြီး ဘတ် ၃၀ ဖိုး ကောက်ညှင်းနဲ့ ကြက်သား ကြော်ထုပ် ပျောက်ရာ ကနေ ပရိသတ်သန်းကျော်နဲ့ နာမည်ကြီး Reviewed by သစ်ထူးလွင် on 18:03 Rating: 5
Powered by Blogger.