မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ

အီတလီရဲတွေဟာ လျှို့ဝှက် လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ မာဖီးယား ရာဇဝတ်ဂိုဏ်းတွေရဲ့ မဟာမိတ်သစ္စာဆိုပွဲ ရုပ်သံဖိုင်ကို ပထမဆုံး အကြိမ်အဖြစ် ဖြန့်ချိ လိုက်ပါ တယ်။

အီတလီမြောက်ပိုင်း ဘရိုင်ယန်ဇာမြို့နားမှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒရန်ဂေတာ ရာဇဝတ်ဂိုဏ်းနဲ့  တခြားဂိုဏ်းအတော်များများက အဖွဲ့ဝင်တွေ ပါတယ်လို့ ယုံကြည်ရပါတယ်။ အဖွဲ့ဝင်တွေကြား မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းရေး သစ္စာဆိုနေတာဖြစ်ပြီး ဒီရုပ်သံက ၁၇ နှစ်ရှိပြီလို့ ရဲက ပြောပါတယ်။

ဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူက ကျမ်းကျိန်ပွဲကို ခေါင်းဆောင်ရင်း ဆွေမျိုး ၇ ဆက်အတွက် အရာရာကို စွန့်လွှတ်တယ်လို့ ကျိန်ဆိုတယ်။ ရာဇဝတ်ဂိုဏ်းဟာ မြင့်မြတ်တဲ့ အဖွဲ့အစည်းအဖြစ် သိပါစေလို့ ပြောခဲ့ပါတယ်။

လရောင်နဲ့ ကြယ်အလင်းရောင်အောက်မှာ မြင့်မြတ်တဲ့ကွင်းဆက်ကို ဖွဲ့စည်းတယ်လို့ လည်း ဆိုပါတယ်။

ဂိုဏ်းရဲ့ကျင့်ဝတ်စည်းမျဉ်းကို သွေဖည်ရင် အဖွဲ့သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်ရမယ်လို့ အဖွဲ့သားသစ်တွေကို အသိပေးတယ်လို့လည်း ဆိုပါတယ်။

အီတလီနိုင်ငံရဲ့ ကာလာဘရီယာဒေသတောင်ပိုင်းဟာ ဒရန်ဂေတာဂိုဏ်းရဲ့ ဇာတိမြေပါ။ ဒီဂိုဏ်းဟာ ကမ္ဘာတလွှား ကွန်ရက် ဖြန့်ကြက်ထားတဲ့ ကမ္ဘာ့အန္တရာယ် အကြီးဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခု ဖြစ်ပါတယ်။ ဒီရုပ်သံရဲ့ အကျိုးဆက်အနေနဲ့ လူ ၃၈ ယောက် အဖမ်းခံခဲ့ရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71489


မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ Reviewed by သစ်ထူးလွင် on 12:25 Rating: 5
Powered by Blogger.