ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ့

ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့က ​စာတိုက်က ​ပါဆယ်ထုတ်တွေကို ​ကိုင်တွယ်ပို့ဆောင်ပေးတဲ့ ​ကုမ္ပဏီက ​လူ့ခန္ဓာကိုယ် ​အစိတ်အပိုင်းတွေ ​ပါဝင်တဲ့ ​ပါဆယ်ထုတ် တစ်ထုတ်ကို ​တွေ့ရှိခဲ့ပါတယ်။

အဲဒီ ​ပါဆယ်ထုတ်ထဲမှာ ​ကလေးငယ်ရဲ့ ​ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ​တွေ့ရှိခဲ့ပြီး ​အဲဒီပါဆယ်ထုတ်က ​အမေရိကန်နိုင်ငံဆီ ​ပို့ဆောင်မယ့် ​အထုတ်ဖြစ်တယ်လို့ ​သိရပါတယ်။

ကလေးငယ်ရဲ့ ​ခေါင်း၊ ​ခြေချောင်းနဲ့ ​ဆေးမင်ကြောင် ​ထိုးထားတဲ့ ​လူကြီး ​တစ်ယောက်ရဲ့ ​အရေပြားတွေကို ​အထုတ်ထဲမှာ ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီကိုယ်ခန္ဓာ ​အစိတ်အပိုင်းတွေကို ​အရည်တစ်မျိုးထဲမှာ ​စိမ်ထားတာကို ​တွေ့ခဲ့ပြီး ​အခုအခါမှာ ​ထိုင်းရဲတွေက ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်နေပါတယ်။

ထိုင်းရဲတွေကတော့ ​အဲဒီ ​ကိုယ်ခန္ဓာ ​အစိတ်အပိုင်းတွေဟာ ​ဆေးကျောင်းတစ်ကျောင်းကနေ ​အခိုးခံရတာ ​ဖြစ်နိုင်တယ်လို့ ​ယူဆထားကြောင်း ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​ဘန်ကောက်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-17/1390123


ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ့ ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ့ Reviewed by သစ်ထူးလွင် on 09:31 Rating: 5
Powered by Blogger.