ပဋိဇီဝဆေးကြောင့် သားဖြတ်အမျိုးသမီးတွေ သေဆုံးနိုင်

အိန္ဒိယနိုင်ငံက ​အမျိုးသမီးတွေဟာ ​သားဖြတ်ရာက ​သေဆုံးရတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ပြီးနောက် ​စုံစမ်းမှု ​လုပ်ခဲ့ရာက ​ပဋိဇီဝ ​ပိုးသတ်ဆေး ​တစ်မျိုးကြောင့် ​သေဆုံးရတာ ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ​လူဦးရေ ​ထိန်းချုပ်တဲ့အနေနဲ့ ​အမျိုးသမီးတွေကို ​ငွေကြေး ​မက်လုံးပေးပြီး ​သားဖြတ်တဲ့ ​အစီအစဉ်ကို ​ပြုလုပ်ပေးပါတယ်။

အဲဒီလို ​သားဖြတ်ကြတဲ့ ​အမျိုးသမီးတွေထဲမှာ ​အယောက် ​၈၀ ​လောက် ​နာမကျန်းဖြစ်ပြီး ​၁၃ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

အဲဒီသေဆုံးရသူတွေဟာ ​ciprofloxin ​တွေ ​ပါဝင်တဲ့ ​ဆေးလုံးတွေကို ​သောက်ခဲ့ကြတာကို ​တွေ့ရှိခဲ့ရပါတယ်။

ခွဲစိတ်ကုသမှု ​ခံယူတဲ့ ​အမျိုးသမီးတွေကို ​အဲဒီ ​ပဋိဇီဝ ​ပိုးသတ်ဆေးတွေ ​ပေးလေ့ရှိပြီး ​အဲဒီ ​ဆေးလုံးတွေကို ​ကနဦး ​စစ်ဆေးတဲ့အခါမှာ  ​zinc ​phosphide ​ဓာတ်တွေ ​တွေ့ခဲ့ရပြီး ​အဲဒီ ​ဓာတ်တွေကို ​ကြွက်သတ်ဆေးတွေမှာ ​ထည့်သုံးလေ့ရှိတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​ဆေးကို ​သောက်သုံးခဲ့သူ ​တခြား ​အမျိုးသမီး ​၉ ​ယောက်ဟာလည်း ​နာမကျန်း ​ဖြစ်နေတယ်လို့ ​အိန္ဒိယ ​အာဏာပိုင်တွေက ​ပြောပါတယ်။

အဲဒီ ​ဆေးလုံး ​ရောင်းချခွင့်ကိုလည်း ​အစိုးရက ​ပိတ်ချလိုက်ပြီး ​ဒီဆေးလုံးကို ​ထုတ်လုပ်တဲ့ ​လူကိုလည်း ​ဖမ်းဆီးထားပြီလို့ ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-17/1390115

(Credit: AFP) 

ပဋိဇီဝဆေးကြောင့် သားဖြတ်အမျိုးသမီးတွေ သေဆုံးနိုင် ပဋိဇီဝဆေးကြောင့် သားဖြတ်အမျိုးသမီးတွေ သေဆုံးနိုင် Reviewed by သစ်ထူးလွင် on 09:31 Rating: 5
Powered by Blogger.