ကျောင်းသားတွေ ဒီနေ့ ဆက်လက် ဆန္ဒပြမယ်

ရန်ကုန်မြို့မှာ ​သုံးရက် ​ဆက်တိုက် ​ဆန္ဒပြခဲ့ကြတဲ့ ​တက္ကသိုလ်ကျောင်းသားတွေဟာ ​ဒီနေ့မှာလည်း ​ဆန္ဒပြမှုတွေ ​လုပ်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒီကနေ့မှာတော့ ​ရန်ကုန်မြို့တွင်းနဲ့ ​မြို့တော် ​ခန်းမ ​နားမှာ ​ဆန္ဒပြကြမယ်လို့ ​ဆိုပါတယ်။

တ ​န ​င်္ဂ ​နွေ ​နေ့ ​တုန်း ​ကတော့ ​ရွှေတိဂုံ ​ဘုရား ​အနားမှာ ​ဆန္ဒပြခဲ့ ​ကြတာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ​ပညာရေးဥပဒေမှာ ​ထိန်းချုပ်မှုတွေ ​များလွန်းတယ်ဆိုပြီး ​တက္ကသိုလ်ကျောင်းသားတွေက ​ဆန္ဒပြနေကြတာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ​ပညာရေး ​ဥပဒေက ​တက္ကသိုလ်တွေကို ​လုပ်ကိုင်ခွင့် ​ပိုပေးမှာဖြစ်ပြီး ​သီးသန့်လွတ်လပ်တဲ့ ​အဖွဲ့တွေကလည်း ​ပိုမို ​လုပ်ကိုင်ခွင့်ရှိမယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့ ​တက္ကသိုလ်ကျောင်းသား ​အဖွဲ့အစည်းတွေကတော့ ​အခု ​ထုတ်ပြန်လိုက်တဲ့ ​ပညာရေးဥပဒေက ​တက္ကသိုလ်တွေရဲ့ ​လုပ်ပိုင်ခွင့်ကို ​လျှော့ချမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီပညာရေးဥပဒေဟာ ​ကျောင်းသားနဲ့ ​ပြည်သူတွေအတွက် ​ပြဌာန်းထားတဲ့ ​ဥပဒေမဟုတ်တဲ့အတွက် ​ဆန္ဒပြရတာ ​ဖြစ်တယ်လို့လည်း ​ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ ​သောကြာနေ့ကစပြီး ​ကျောင်းသားအယောက်ပေါင်း ​၃၅၀ ​လောက် ​ရန်ကုန်မြို့မှာ ​စတင်ဆန္ဒပြကြတာ ​ဖြစ်ပြီး ​စနေနေ့တုန်းကတော့ ​ရန်ကုန်တက္ကသိုလ်မှာ ​ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-17/1390121

ပညာရေးဥပဒေသစ်အရ တက္ကသိုလ်ရဲ့ လုပ်ပိုင်ခွင့် လျှော့ချခံရမယ်လို့ ကျောင်းသားအဖွဲ့တွေဆို (Credit: Reuters) 

ကျောင်းသားတွေ ဒီနေ့ ဆက်လက် ဆန္ဒပြမယ် ကျောင်းသားတွေ ဒီနေ့ ဆက်လက် ဆန္ဒပြမယ် Reviewed by သစ်ထူးလွင် on 09:29 Rating: 5
Powered by Blogger.