ဆရာ ဆရာမများသမဂ္ဂ မှ ကျောင်းသားဆန္ဒပြပွဲ ထောက်ခံ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ တကသ အဖွဲ့ချုပ် တို့ကအမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် ဆန္ဒ ပြကြ တာ ကို ပညာရေး နဲ့ တိုက်ရိုက် ပတ်သက်သူတွေ ဖြစ်ကြတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာ ဆရာမများ သမဂ္ဂ အဖွဲ့ချုပ် က ထောက်ခံ ခဲ့ပါတယ်။

သပိတ်တိုက်ပွဲ ကို ထောက်ခံရခြင်းက ဗဟိုချုပ်ကိုင်မှု များတဲ့ အမျိုးသားပညာရေး ဥပဒေဟာ ဒီမိုကရေစီ စံချိန်စံညွှန်း နဲ့ မကိုက်ညီတဲ့ ပညာရေး လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာ ဆရာမများ သမဂ္ဂ အဖွဲ့ချုပ် ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူ က ဘီဘီစီ ကို ပြောပါတယ်။

ဒီဥပဒေ မှာပါတဲ့ အမျိုးသားပညာရေး ကော်မရှင် ရဲ့ အာဏာဟာ ကျောင်းတိုင်းမှာ ကျောင်းဖွင့်ခွင့်၊ ပိတ်ခွင့်၊ ရပ်ဆိုင်းခွင့် စတာတွေ ကို အပြည့်အဝ ပေးထားတဲ့ အကြောင်း၊ ကျောင်းသူ ကျောင်းသားတွေ ရဲ့ လွတ်လပ်ခွင့် ဟာ အစိုးရ အပေါ်မှာဘဲ မူတည်ပြီး ကြိုက်တာ လုပ်ခွင့် ရှိတဲ့ ပုံစံ လို့ ထောက်ပြပါတယ်။

အမျိုးသား ပညာရေး ကော်မရှင်ဟာ ထိန်းချုပ်မှု များတဲ့ အတွက် ကျောင်းတွေ မှာရှိတဲ့ ပါမောက္ခ တွေ ဟာ ရာထူးလိုချင်သူတွေ၊ ဝန်ကြီးဖြစ်ချင်သူတွေ ပါမောက္ခချုပ် ဖြစ်ချင်သူတွေ က အမျိုးသား ပညာရေး ကော်မရှင်ရဲ့ အမိန့် ကို တသွေမတိမ်း လုပ်ဆောင် မဲ့ ပုံစံ ရှိလာနိုင်လို့ ကျောင်းသားတွေ စာတတ်မြောက်ရေး ထက် ရာထူးတို့ဖို့ဘဲ အာရုံ စိုက်နေကြမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာ ဆရာမများ သမဂ္ဂ အဖွဲ့ချုပ် ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူ က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141117_teachersunion_studentsprotest

ဗကသ ကျောင်းသား ဆန္ဒပြပွဲ

ဆရာ ဆရာမများသမဂ္ဂ မှ ကျောင်းသားဆန္ဒပြပွဲ ထောက်ခံ ဆရာ ဆရာမများသမဂ္ဂ မှ ကျောင်းသားဆန္ဒပြပွဲ ထောက်ခံ Reviewed by သစ်ထူးလွင် on 09:29 Rating: 5
Powered by Blogger.