ဆီးရီးယားတပ်ဖွဲ့ဝင်များ အိုင်အက်စ်တို့အား တိုးမြှင့်တိုက်ခိုက်

ဒမတ်စကတ် နိုဝင်ဘာ ၂၄

ဆီးရီးယားတပ်ဖွဲ့ဝင်များက ဒါယာအယ်လ်ရာယာပြည်နယ် အရှေ့ပိုင်း အိုင်အက်စ်စစ်သွေးကြွများအား အရှိန်မြှင့်တိုက်ခိုက်မှုများ ပြုလုပ်လာသည်။

အဆိုပါ ပြည်နယ် အက်ရှ်မာနှင့် ဘတ်ဒရန်းဒေသများမှ အိုင်အက်စ် စစ်သွေးကြွများအား ရှင်းလင်းဖယ် ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားတပ်မှူးက ပြောသည်။

ဇူဘီဒင်ဒေသ၌ နှစ်ဖက်အကြား တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။ အကြမ်းဖက်ဝါဒီများ စုရုံးရာ ဒေသကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဆီးရီးယားတပ်ဖွဲ့က ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဆီးရီးယားတပ်ဖွဲ့အနေဖြင့် ဟွန်းဒေသ၌လည်း တိုက်ခိုက်အောင်မြင်ခဲ့သည် ဟုဆိုသည်။

အစိုးရတပ်များက ဟွန်းပြည်နယ်အလယ်ပိုင်းအိုင်အက်စ်တို့ထံမှ မဟာဗျူဟာကျသော ရှာရာဓာတ်ငွေ့လုပ်ကွက်ကို ပြန်လည်ရယူပြီး ရက်အနည်းငယ်အကြာတွင် အစိုးရတပ်များသည် အဆိုပါတိုက် ခိုက်မှု၌ အောင်မြင်ခဲ့သည်။

အိုင်အက်စ်တို့အား တိုက်ခိုက်ရာတွင် ငွေကြေးလက်နက်နှင့် ထောက်ပံ့ရေးပစ္စည်းလမ်းကြောင်းများ ဖြတ်တောက်ရေးသည် အဓိကကျကြောင်း၊ ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာ ဆတ်က မကြာခဏပြောဆိုလေ့ရှိသည်။

ဆီးရီးယားနိုင်ငံအတွင်း ၂ဝ၁၁ ခုနှစ် မတ်လကတည်းက အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်း ၂ဝဝဝဝဝ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ (ပရက်စ်တီဗွီ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ဆီးရီးယားတပ်ဖွဲ့ဝင်များ အိုင်အက်စ်တို့အား တိုးမြှင့်တိုက်ခိုက် ဆီးရီးယားတပ်ဖွဲ့ဝင်များ အိုင်အက်စ်တို့အား တိုးမြှင့်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 01:41 Rating: 5
Powered by Blogger.