တရုတ်နိုင်ငံတွင် ဇနီးအဖြစ် ရောင်းချရန် အချုပ်နှောင်ခံထား ရသည့် မြန်မာအမျိုးသမီး ၁၁ ဦးအား တရုတ်ရဲ ကယ်တင်

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီယားနယ်စပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တွင် လူကုန်ကူးသူ ၃၁ ဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါသည်။ သူတို့ လက်ထဲတွင် အချုပ်နှောင်ခံ အမျိုးသမီး ၁၄ ဦးကို တွေ့ ခဲ့ရပြီး ၁၁ ဦး မှာ မြန်မာအမျိုးသမီများဖြစ်ကြသည်။

လူကုန်ကူးခံရသူ မိန်းကလေးများမှာ အသက် ၁၈နှစ်အောက်များဖြစ်ကြပြီး သူတို့ ကို မြန်မာရဲလက် သို့ လွဲပြောင်းပေးခဲ့သည်ဟု သိရသည်။ မိန်းကလေး များကို အလည်အပတ် ခရီးစဉ်နှင့် အလုပ်အကိုင်ဖြင့်ဖျားယောင်းနေသော အဆိုပါ လူကုန်ကူးဂိုဏ်းကို ၃ လကြာ ထောက်လှမ်းခဲ့ရသည်ဟု တရုတ်အစိုးရ သတင်းဌာန က ဆိုသည်။

အဆိုပါ မိန်းကလေးများကို တရုတ်မြို့ ပြဒေသက အမျိုးသားများဆီ ဇနီးအဖြစ် တရုတ်ယွမ်ငွေ ငါးသောင်း( ဒေါ်လာ၈၀၀၀ခန့်)ဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။ အချုပ်နှောင်ခံ အမျိုးသမီးတစ်ယောက်က ရထားပေါ်တွင် ရဲတစ်ဦးအား သူမမှာ မြန်မာပြည်မှ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း တီးတိုးတိုင်ကြားခဲ့ရာ ရဲက နောက်ယောင်ခံ လိုက်ခဲ့သဖြင့် အဆိုပါ လူကုန်ကူးဂိုဏ်းအား ဖမ်းဆီးမိ ခဲ့ခြင်း ဖြစ်သည်။

တရုတိနိုင်ငံမှာ ကလေးတယောက်မူဝါဒကြောင့် မိသားစုအတော်များများသည် သားယေကျာ်းလေးများကိုမွေးပြီး မိန်းကလေးများကို ဖျက်ချခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော တရုတ်ထုံးစံအရ သားယေကျာ်းလေးသာ လိုချင်သည့် အတွက်ဖြစ်ပါသည်။ ဝေးလံခေါင်းဖျားသော ဒေသများတွင် သတို့သမီး ရှာရန် အခက်ဆုံးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် လူပျို သန်း ၃၀ ခန့်မှာ သတို့သမီး ရှာဖွေရန် အခက်တွေ့ခဲ့ကြသည်ဟု တရုတ်အခြေစိုက် စစ်တမ်းကောက်အဖွဲ့ တစ်ခုက ဆိုသည်။

ထို့ ကြောင့် တရုတ်နိုင်ငံမှာ လူလွတ်ယေကျာ်းလေးဦးရေ များနေပြီး ယေကျာ်းလေး ၁၁၈ ယောက်မှာ မိန်းခလေးဦးရေ ၁၀၀ သာမွေးဖွားနှုန်းရှိပါသည်။

ထို့ ပြင် တရုတ်အမျိုးသားများအတွက် အရှေ့ တောင်အာ၇ှမှနိုင်ငံခြားသား သတို့ သမီး နှင့်တွေ့ ဆုံရမည်ဟု ကြော်ငြာထားသော အင်တာနက် စာမျက်နှာ များသည် လူကုန်ကူးမှုကိုဖြစ်စေသည့်အတွက် တရုတ်ရဲများက တားမြစ်တော့ မည် ဟု အစိုးရမီဒီယာက ပြောပါသည်.

ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာက တရုတ်နှင့် ရုရှသည် ကမ္ဘာပေါ်တွင် အခမဲ့ အလုပ်စေခိုင်းမှုနှင့် လိင်ကုန်ကူးမှုမှာ အဆိုးဆုံးနိုင်ငံ များ ဟု ဖော်ပြထားပါသည်။

လင်းလင်း

The Ladies News Journal
https://www.facebook.com/News.TheLadies?fref=photo


တရုတ်နိုင်ငံတွင် ဇနီးအဖြစ် ရောင်းချရန် အချုပ်နှောင်ခံထား ရသည့် မြန်မာအမျိုးသမီး ၁၁ ဦးအား တရုတ်ရဲ ကယ်တင် တရုတ်နိုင်ငံတွင် ဇနီးအဖြစ် ရောင်းချရန် အချုပ်နှောင်ခံထား ရသည့် မြန်မာအမျိုးသမီး ၁၁ ဦးအား တရုတ်ရဲ ကယ်တင် Reviewed by သစ်ထူးလွင် on 01:50 Rating: 5
Powered by Blogger.