ဖာဂူဆန်မြို့မှာ လုံခြုံရေးအင်အားတိုးချထား

အမေရိကန်နိုင်ငံ ​မစ်ဆူရီပြည်နယ် ​ဖာဂူဆန်မြို့မှာ ​လုံခြုံရေး တပ်တွေနဲ့ ​အမေရိကန် လူမည်းတွေ အကြား ​ပြဿနာ ဖြစ်နေတဲ့ အတွက် ​စိတ်အေးအေး ထားဖို့ ​သမ္မတက ​ပန်ကြား ထားသလို ​လုံခြုံရေး ​အင်အားကို လည်း ​တိုးချဲ့ ​ချထား လိုက်ပါတယ်။

လွန်ခဲ့တဲ့ ​သြဂုတ်လတုန်းက ​ဘာလက်နက်မှ ​ကိုင်ဆောင်ထားခြင်း ​မရှိတဲ့ ​ဆယ်ကျော်သက်အရွယ် ​လူမည်းတစ်ဦးကို ​လူဖြူရဲက ​ပစ်သတ်ပြီးနောက် ​အုံကြွမှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီ ​အမှုကို ​တရားရုံးမှာ ​ရင်ဆိုင်ကြတာဖြစ်ပြီး ​ပစ်သတ်တဲ့ ​ရဲမှာ ​အပြစ်မရှိဘူးလို့ ​တရားရုံးက ​ပြောဆိုပြီးနောက် ​အခုတခါ ​အုံကြွမှု ​ထပ်မံ ​ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြလူမည်းတွေက ​အဆောက်အဦးတွေကို ​မီးရှို့ပြီး ​ကားနဲ့ ​တခြားအရာတွေကိုလည်း ​ဖျက်ဆီးခဲ့ကြပါတယ်။

သေနတ်ပစ်ခတ်မှုတွေလည်း ​ဖြစ်ပွားခဲ့ပြီး ​ရဲတွေက ​မျက်ရည်ယိုဗုံးနဲ့ ​လူစုခွဲပြီးတော့ ​လူပေါင်း ​၆၀ ​ကျော်ကို ​ရဲတွေက ​ထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့ ​ပြင်းထန်စွာ ​ဒဏ်ရာရခဲ့သူတွေ ​မရှိဘူးလို့ ​ဆိုပါတယ်။

ဖာဂူဆန်မြို့သာမက ​နယူးယောက်မြို့၊ ​ချီကာဂို၊ ​Seattle၊ ​လော့စ်အိန်းဂျလိစ်၊ ​Oakland ​နဲ့ ​ဝါရှင်တန်ဒီစီမြို့တွေ ​မှာလည်း ​ဆန္ဒပြမှု ​ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​အမေရိကန်မှာ ​လူမျိုးရေး ​တင်းမာမှုတွေ ​ဟာ ​လူမည်းတွေ ​နေထိုင်မှုများတဲ့ ​ဖာဂူဆန်မှာသာမက ​တခြားဒေသမှာလည်း ​တင်းမာမှု ​ရှိနေတယ်ဆိုတာကို ​ပြသတယ်လို့ ​သုံးသပ်ကြပါတယ်။

ဖာဂူဆန်မြို့သူ ​မြို့သားတွေဟာ ​လူမည်းတွေ ​အများစုဖြစ်ကြပြီး ​လုံခြုံရေးအမှုထမ်းတွေက ​လူဖြူတွေ ​ပိုများတယ်လို့ ​သိရပါတယ်။

အမေရိကန်ရဲတွေက ​လူမည်းတွေအပေါ် ​ပစ်ခတ်မှု ​ပိုဖြစ်လာတာတွေ၊ ​ထောင်တွင်းမှာ ​လူမည်းဦးရေ ​ပိုများနေတာတွေနဲ့ ​လူမည်းတွေ ​သေမိန့်ကျခံရမှု ​ပိုများနေတာနဲ့ ​ပတ်သက်ပြီးတော့လည်း ​ကုလသမဂ္ဂက ​အမေရိကန် ​အစိုးရကို ​မေးခွန်းထုတ်တာတွေ ​ရှိခဲ့ပါတယ်။

အမေရိကန် ​သမ္မတကတော့ ​ဒီအကြမ်းဖက်မှုမှာ ​ပါဝင်သူတွေကို ​အပြစ်ပေးသွားမယ်လို့ ​ပြောနေသလို ​ငြိမ်းချမ်းစွာ ​နေထိုင်ကြဖို့ ​ပြောဆိုလိုက်ပါတယ်။

လူမည်းတွေကတော့ ​တရားရုံးကနေ ​လူမည်း ​ဆယ်ကျော်သက် ​အရွယ်ကောင်လေးကို ​သေနတ်နဲ့ ​ပစ်သတ်ခဲ့တဲ့ ​ရဲကို ​တစ်ခုခု ​ပြစ်ဒဏ်ပေးလိုက်ရင် ​ဒီလို ​အုံကြွမှုမျိုး ​ဖြစ်လာစရာ ​အကြောင်းမရှိဘူးလို့ ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-26/1393265

အဆောက်အဦးတွေ၊ ကားတွေနဲ့ တခြားအရာတွေလည်း ဖျက်ဆီးခံရ (Credit: Reuters) 

ဖာဂူဆန်မြို့မှာ လုံခြုံရေးအင်အားတိုးချထား ဖာဂူဆန်မြို့မှာ လုံခြုံရေးအင်အားတိုးချထား Reviewed by သစ်ထူးလွင် on 10:00 Rating: 5
Powered by Blogger.