တိုင်းရင်းသား အမျိုးသမီးကို စစ်တပ်က အဓမ္မပြုကျင့်ဆဲလို့ဆို

မြန်မာ စစ်တပ် အနေနဲ့ ​အမျိုးသမီး တွေကို ​စနစ်ကျစွာ ​လိင်ပိုင်း ဆိုင်ရာ ​အကြမ်းဖက်မှုတွေ ​ပြုလုပ်နေဆဲ ​ဖြစ်တယ်လို့ ​မြန်မာ အမျိုးသမီး ​သမဂ္ဂအဖွဲ့ ​WLB ​က ​ပြောပါတယ်။

နိုင်ငံတကာ ​အမျိုး သမီးများ အပေါ် ​အကြမ်း ဖက်မှု ​တိုက်ဖျက်ရေး နေ့နဲ့ ​တိုက်ဆိုင်စွာ ​မြန်မာ ​အမျိုးသမီး ​သမဂ္ဂအဖွဲ့က ​အစီရင်ခံစာ ​ထုတ်ပြန်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီ ​အစီရင်ခံစာအရ ​တိုင်းရင်းသား ဒေသက ​မြန်မာ အမျိုးသမီးတွေကို ​စစ်တပ်က ​အဖွဲ့လိုက် ​မုဒိမ်းကျင့်မှုတွေ ​ပြုလုပ် နေဆဲဖြစ်ပြီး ​အဲဒီလို ​လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ​စစ်ရာဇာဝတ်မှူနဲ့ ​လူသားများအပေါ် ​ကျူးလွန်တဲ့ ​ပြစ်မှုတောင် ​သက်ရောက်နိုင်တယ်လို့ ​ပြောပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ​အပစ်အခတ် ​ရပ်စဲရေးယူထားတဲ့ ​ဒေသနဲ့ ​အပစ်အခတ် ​ရပ်စဲရေးမယူရသေးတဲ့ ​ဒေသက ​လိင်ပိုင်းဆိုင်ရာ ​အကြမ်းဖက်မှု ​ခံရတဲ့ ​အမျိုးသမီး ​၁၁၈ ​ယောက်ကို  ​တွေ့ဆုံပြီး ​သူတို့ရဲ့ ​ပြောပြချက်ကို ​မှတ်တမ်းတင် ​ထုတ်ပြန်ထားတာ ​ဖြစ်ပါတယ်။

မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း ​လိင်ပိုင်းဆိုင်ရာ ​အကြမ်းဖက်မှု ​ခံရတဲ့ ​ကိစ္စတွေကို ​တိုင်ကြား ​ပြောဆိုလေ့မရှိတဲ့အတွက် ​အမှန်တကယ် ​မတရားပြုကျင့်ခံရတဲ့ ​အမျိုးသမီးတွေဟာ ​အယောက် ​၁၀၀ ​ထက်မက ​များပြားနိုင် ​တယ်လို့လည်း ​ပါရှိပါတယ်။

ကချင်၊ ​ကရင်၊ ​မွန်၊ ​ချင်း၊ ​ရှမ်းနဲ့ ​ကယား ​(ကရင်နီ) ​ဒေသမှာ ​မြန်မာစစ်တပ်က ​မုဒိမ်းကျင့်တာတွေ ​လုပ်တာဖြစ်ပြီး ​အသက် ​၈ ​နှစ်အရွယ် ​ကလေးမတွေတောင် ​အကြမ်းဖက်ခံရတာ ​ရှိတယ်လို့ ​ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာပြုကျင့်မှုတွေကို ​မြန်မာ ​စစ်တပ်အရာရှိတွေကိုယ်တိုင် ​လုပ်ဆောင်တာဖြစ်ပြီး ​တိုင်တန်းမှုတွေ ​လုပ်တဲ့အခါမှာတော့ ​ကံယာကံရှင်ရဲ့ ​အိမ်ကို ​သွားပြီး ​တောင်းပန်တာတွေ၊ ​ဒါမှမဟုတ် ​လျော်ကြေးပေးတာတွေသာ ​လုပ်လေ့ရှိတယ်လို့ ​လားဟူအမျိုးသမီးအဖွဲ့က ​ပြောပါတယ်။

စစ်သားတွေ ​ဝိုင်းပြီး ​မုဒိမ်းကျင့်တယ်လို့ ​တိုင်တန်းတဲ့အခါမှာတော့ ​ပြစ်မှု ​ကျူးလွန်သူတွေကို ​အပြစ်ပေးခြင်းမရှိပဲ ​တခြားဒေသကို ​ပြောင်းရွှေ့ပို့ဆောင်တာမျိုးသာ ​လုပ်လေ့ရှိတယ်လို့လည်း ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-26/1393275

(Credit: AFP) 

တိုင်းရင်းသား အမျိုးသမီးကို စစ်တပ်က အဓမ္မပြုကျင့်ဆဲလို့ဆို တိုင်းရင်းသား အမျိုးသမီးကို စစ်တပ်က အဓမ္မပြုကျင့်ဆဲလို့ဆို Reviewed by သစ်ထူးလွင် on 10:00 Rating: 5
Powered by Blogger.