မြန်မာမူးယစ်ဆေးကြောင့် တရုတ်မှာ ရာဇဝတ်မှုများလို့ဆို

မြန်မာနိုင်ငံနဲ့ ​တခြား ​အိမ်နီးချင်းနိုင်ငံကနေ ​ဝင်ရောက်လာတဲ့ ​တရားမဝင် ​ဓာတုမူးယစ်ဆေးဝါးတွေကြောင့် ​တရုတ်နိုင်ငံမှာ ​ရာဇဝတ်မှု ​ကျူးလွန်မှုတွေ ​ပိုများလာနေတယ်လို့ ​တရုတ်အစိုးရက ​ပြောပါတယ်။

လွန်ခဲ့တဲ့ ​၉လအတွင်း ​စိတ်ကြွဆေးပြားနဲ့ ​ပတ်သက်ပြီး ​အကြမ်းဖက်တဲ့ ​လုပ်ရပ် ​အကြိမ်ပေါင်း ​တစ်ရာ ​ဖြစ်ခဲ့ပြီး ​ဒါဟာ ​အရင်ငါးနှစ်က ​ဖြစ်ခဲ့တာထက် ​အကြိမ်ပေါင်း ​ပိုများနေတယ်လို့ ​တရုတ်ရဲတွေက ​ပြောပါတယ်။

ဘိန်းနဲ့ ​ဘိန်းဖြူသုံးစွဲမှုတွေထက် ​စိတ်ကြွဆေးပြားနဲ့ ​တခြား ​ဓာတုနဲ့ ​ဖော်စပ်ထားတဲ့ ​မူးယစ်ဆေးဝါးတွေဟာ ​သုံးစွဲသူရဲ့ ​စိတ်ကျန်းမာရေးကို ​ပိုထိခိုက်နိုင်တယ်လို့ ​ဆိုပါတယ်။

ဓာတုမူးယစ်ဆေးဝါးကို ​အသုံးပြုသူတွေဟာလည်း ​လူသတ်မှု၊ ​ပြန်ပေးဆွဲမှု ​အစရှိတဲ့ ​အကြမ်းဖက်တဲ့ ​လုပ်ရပ်တွေကို ​ပိုလုပ်လေ့ရှိတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​စိတ်ကြွဆေးပြားတွေဟာ ​မြန်မာနိုင်ငံနဲ့ ​နယ်စပ်ခြင်း ​ထိစပ်နေတဲ့ ​ယူနန်ပြည်နယ်နဲ့ ​တခြားအိမ်နီးချင်းနိုင်ငံနဲ့ ​ဆက်စပ်တဲ့ ​Guangxi ​ပြည်နယ်က ​ဝင်ရောက်လာတာလို့ ​ဆိုပါတယ်။

မနှစ်တုန်းကပဲ ​မြန်မာနိုင်ငံကနေ ​ခိုးသွင်းလာတဲ့ ​စိတ်ကြွဆေးပြား ​တန်ချိန် ​၉ ​တန်ကို ​တရုတ်ရဲတွေက ​ဖမ်းဆီးရမိထားပါတယ်။

အဲဒီလို ​တရားမဝင် ​မူးယစ်ဆေးဝါး ​ကုန်ကူးမှုကို ​တိုက်ဖျက်ဖို့ ​တရုတ်အစိုးရက ​မြန်မာ၊ ​လာအို၊ ​ထိုင်းနိုင်ငံတို့နဲ့ ​ပူးပေါင်းမှုတွေ ​ပိုလုပ်နေတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-20/1391387

Ice လို့ခေါ်တဲ့ ဓာတုမူးယစ်ဆေးဝါး  

မြန်မာမူးယစ်ဆေးကြောင့် တရုတ်မှာ ရာဇဝတ်မှုများလို့ဆို မြန်မာမူးယစ်ဆေးကြောင့် တရုတ်မှာ ရာဇဝတ်မှုများလို့ဆို Reviewed by သစ်ထူးလွင် on 08:19 Rating: 5
Powered by Blogger.