ကိုယ်ဝန်ရှိသူ အမျိုးသမီးကို သတ်ဖြတ်သူ လေးယောက် သေဒဏ်ချခံရ

ပါကစ္စတန်နိုင်ငံမှာ ​မိသားစုရဲ့ ​သဘောတူညီမှု ​မရပဲ ​ယောင်္ကျားတစ်ဦးနဲ့ ​လက်ထပ်ခဲ့တဲ့ ​ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ​ဆွေမျိုးဖြစ်သူတွေက ​သတ်ပစ်ပြီးနောက် ​လူလေးဦးကို ​ပါကစ္စတန်က ​သေဒဏ်ချမှတ်လိုက်ပါတယ်။

မေလတုန်းကပဲ ​ပါကစ္စတန်နိုင်ငံ ​လာဟော ​မြို့ ​တရားရုံးပြင်ပမှာ ​လူ၂၀ ​လောက်က ​ကိုယ်ဝန်သည် ​Farzana ​Parveen ​ကို ​အုတ်ခဲတွေနဲ့ ​ထုသတ်ခဲ့ကြပါတယ်။

အဲဒီလို ​ပြစ်မှု ​ကျူးလွန်သူတွေထဲမှာ ​သူမရဲ့ ​ဖခင်နဲ့ ​အစ်ကိုအပြင် ​သူမရဲ့ ​အရင်ယောင်္ကျားနဲ့ ​တစ်ဝမ်းကွဲတွေလည်း ​ပါဝင်ပါတယ်။ ​အဲဒီလူတွေကို ​လူသတ်မှု၊ ​အကြမ်းဖက်မှုနဲ့ ​ဝမ်းဗိုက်အတွင်းက ​ကလေးကို ​သတ်ပစ်တဲ့အမှုနဲ့ ​သေဒဏ်ချမှတ်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ​မိသားစုကို ​မျက်နှာပျက်အောင် ​လုပ်တဲ့လူတွေကို ​သတ်ပစ်တဲ့ ​ဓလေ့ကို ​ကျင့်သုံးလေ့ရှိပေမယ့် ​ကိုယ်ဝန်သည် ​Farzana ​Parveen ​ကို ​ရက်စက်စွာ ​သတ်ပစ်တဲ့ ​ကိစ္စကို ​ကမ္ဘာက ​အာရုံစူးစိုက်လာပြီးနောက် ​အခုလို ​ပြစ်မှူးကျူးလွန်သူတွေကို ​သေဒဏ်ချမှတ်တာ ​ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေရဲ့ ​ရှေ့နေတွေကတော့ ​သေဒဏ်ချမှတ်တဲ့အပေါ် ​အယူခံဝင်သွားမယ်လို့ ​ပြောတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။


ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-20/1391367

Farzana Parveen အသတ်ခံရတာကို ဆန့်ကျင်နေကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ (Credit: AFP) 

ကိုယ်ဝန်ရှိသူ အမျိုးသမီးကို သတ်ဖြတ်သူ လေးယောက် သေဒဏ်ချခံရ ကိုယ်ဝန်ရှိသူ အမျိုးသမီးကို သတ်ဖြတ်သူ လေးယောက် သေဒဏ်ချခံရ Reviewed by သစ်ထူးလွင် on 08:18 Rating: 5
Powered by Blogger.