လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၇.၁၁.၂၀၁၄ရက်နေ့ ၁၉၂၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်း ကိုချိုသန်း (၄၃)နှစ် မောင်းနှင်လာသော 9C---Hilux Surf ခဲရောင်ယာဉ်သည် ဒရယ်ဘိုကျေးရွာ၊ လမ်းလယ်ကျွန်းအမှတ်(၁၅၀)အရောက် လမ်းဖြတ်ကူးသူ ကိုအောင်နိုင် (၄၈)နှစ်အား ဝင်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူ ကိုအောင်နိုင်မှာ ဦးခေါင်းငယ်ထိပ်၊ ဝဲချိုစောင်း၊ ရင်ဘတ်၊ မေးစေ့နှင့် ကျောတို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ၊ ဝဲ/ယာဒူးနှင့် ယာခြေမပွန်းဒဏ်ရာများ ရရှိခဲ့သဖြင့် လှည်းကူး ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုချိုသန်းအား လှည်းကူးမြို့မရဲစခန်း ယာဉ် (ပ)၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 14:22 Rating: 5
Powered by Blogger.