နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျလို့  ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၇.၁၁.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် အင်းစိန်မြို့မ ရဲစခန်းမှတပ်ဖွဲ့ ဝင်များသည် အင်းစိန်မြို့နယ်၊ (က+ခ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လူငယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၂၀)နှစ်အရွယ်ရှိ လူငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် မှော်ဘီ နည်းပညာ တက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်နေ သော ကျောင်းသား တစ်ဦးဖြစ်ပြီး ၎င်းမှာ ဒုတိယနှစ်စာမေးပွဲ ကျရှုံးခဲ့သဖြင့် နေအိမ်ရှေ့ခန်းရှိအမြင့်(၈ ပေ ၈ လက်မ)ခန့်ရှိ ထုပ်တန်းတွင် အရှည်(၈ပေ ၈ လက်မ)ခန့်ရှိ ဂုန်နီကြိုးအားအသုံးပြုကာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန်မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၈၃/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျလို့  ကြိုးဆွဲချသေဆုံး နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျလို့  ကြိုးဆွဲချသေဆုံး Reviewed by သစ်ထူးလွင် on 14:25 Rating: 5
Powered by Blogger.