မိန်းကလေး၂၅ ဦးဖမ်းဆီးခံရ၊ ဘိုကိုဟာရမ် လက်ချက်ဖြစ်နိုင်

နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းမှာ ​အမျိုးသမီးငယ် ​၂၅ ​ယောက် ​ထပ်မံ ​ဖမ်းဆီးခံနေရပြီး ​ဘိုကိုဟာရမ်အဖွဲ့ရဲ့ ​လက်ချက် ​ဖြစ်နိုင်တယ်လို့ ​မိဘတွေက ​ယူဆနေကြပါတယ်။

ဧပြီလတုန်းကလည်း ​ကျောင်းသူ ​အယောက်ပေါင်း ​၂၀၀ ​ကျော်ကို ​ဘိုကိုဟာရမ်အဖွဲ့က ​ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ​ကျောင်းသူ ​အယောက် ​၂၀၀ ​ကျော် ​ပြန်လည်လွတ်မြောက်ရေးအတွက် ​အစိုးရနဲ့ ​ဘိုကိုဟာရမ်အကြား ​ဆွေးနွေးမှုတွေ ​အပစ်အခတ် ​ရပ်စဲရေးတွေ ​လုပ်နေတုန်း ​အမျိုးသမီးငယ် ​၂၅ ​ယောက်လောက် ​ထပ်မံ ​ပျောက်ဆုံးသွားတာ ​ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ​သူတို့အိမ်ကို ​လာပြီး ​အမျိုးသမီးငယ်တွေကို ​ဖမ်းဆီးထားပြီး ​နည်းနည်းအရွယ်ရောက်နေတဲ့ ​မိန်းကလေးတွေကိုတော့ ​ပြန်လွတ်ပေးခဲ့တယ်လို့ ​မျက်မြင်သက်သေတွေက ​ပြောပါတယ်။

တချို့ဆိုရင် ​သမီး ​မိန်းကလေး ​၃ ​ယောက်တောင် ​ဖမ်းဆီးခေါ်ဆောင် ​ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​နိုင်ဂျီးရီးယားအစိုးရက ​အတည်ပြုတာ ​မလုပ်သေးပါဘူး။

ဘိုကိုဟာရမ်ရဲ့ ​အဓိပ္ပာယ်ကတော့ ​အနောက်တိုင်း ​ပညာရေးဟာ ​အပြစ်ရှိတယ်လို့ ​အဓိပ္ပာယ်ရပြီး ​အနောက်တိုင်းပညာရေးကို ​ဆန့်ကျင်တဲ့အဖွဲ့ ​ဖြစ်ပါတယ်။

သူတို့အဖွဲ့ ​လိုလာတဲ့ ​နည်းလမ်းအတိုင်း ​မနေထိုင်တဲ့ ​လူတွေကို ​နှိပ်ကွပ်လေ့ရှိပြီး ​မွတ်စလင်၊ ​ခရစ်ယာန်မခွဲခြားပဲ ​နှိပ်ကွပ်တဲ့အဖွဲ့လည်း ​ဖြစ်ပါတယ်။ ​ဒါ့အပြင် ​နိုင်ဂျီးရီးယားနိုင်ငံမှာ ​Sharia ​ဥပေဒေကျင့်သုံးဖို့ ​လိုလားနေတဲ့အဖွဲ့ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-24/1382627

ဖမ်းဆီးခံရတဲ့ ကလေးမတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကူညီဖို့ Bring Back Our Girls အဖွဲ့က ဆန္ဒပြ တောင်းဆိုစဉ် (Credit: Reuters) 

မိန်းကလေး၂၅ ဦးဖမ်းဆီးခံရ၊ ဘိုကိုဟာရမ် လက်ချက်ဖြစ်နိုင် မိန်းကလေး၂၅ ဦးဖမ်းဆီးခံရ၊ ဘိုကိုဟာရမ် လက်ချက်ဖြစ်နိုင် Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.