ဘိုကိုဟာရမ်တွေ အမျိုးသမီး ဓားစာခံတွေ ဆက်လက် ဖမ်းနေဆဲလား စုံစမ်းနေ

နိုင်ဂျီးယား နိုင်ငံမှာ အစိုးရ စစ်တပ် နဲ့ စစ်သွေးကြွ ဘိုကိုဟာရမ် အုပ်စု အကြား၊ အပစ်ရပ် ကြေညာခဲ့ အပြီးမှာကို၊ အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေကို အဆိုပါ စစ်သွေးကြွတွေ က ဖမ်းဆီး ခေါ်ဆောင် သွားမှုတွေ ရှိနေဆဲ ဆိုတဲ့ သတင်းတွေ အပေါ် စုံးစမ်း နေပါကြောင်း နိုင်ဂျီးရီးယား အစိုးရက ဆိုပါတယ်။

တကယ် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ခွဲခြမ်း စိတ်ဖြာ အတည်ပြု နိုင်ဖို့ တာဝန်ရှိသူ တွေ ဆောင်ရွက် နေကြောင်း အစိုးရ ပြောခွင့်ရ မိုက်ခ် အိုမာရီ က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ဂျီးရီးယား ရဲ့ အရှေ့မြောက်ပိုင်း ဒေသ မှာ အမျိုးသမီး နဲ့ မိန်းကလေးငယ် အယောက် ၄၀ လောက်ကို ဘိုကိုဟာရမ် တွေက ခေါ်ဆောင် သွားကြတယ် ဆိုပြီး ဒေသခံ ရွာသားတစ်ဦး က ပြောပါတယ်။

ဘိုကိုဟာရမ် အဖွဲ့နဲ့ အပစ်ရပ်ကြောင်း၊ အရင် သီတင်းပတ် ကတည်းက ကြေညာ ထားခဲ့ပေမယ့်၊ အကြမ်းဖက် ဖြစ်ရပ်တချို့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ အဲဒီ့ အုပ်စု ဖမ်းဆီး ထားတာ ၆ လကြာပြီ ဖြစ်တဲ့ ကျောင်းသူ ၂၀ဝ ကျော်လည်း ပြန်လွတ်လာမယ့် အရိပ်အယောင် မတွေ့ရ သေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141023_nigeria-boko-haram

အပစ်ရပ် ကြေညာထားတဲ့ ဘိုကိုဟာရမ်တွေ အမျိုးသမီးတွေ အပေါ် ဆက်လက် ပစ်မှတ် ထားနေကြ ဆဲလား ဆိုတာ စုံစမ်းနေ။

ဘိုကိုဟာရမ်တွေ အမျိုးသမီး ဓားစာခံတွေ ဆက်လက် ဖမ်းနေဆဲလား စုံစမ်းနေ ဘိုကိုဟာရမ်တွေ အမျိုးသမီး ဓားစာခံတွေ ဆက်လက် ဖမ်းနေဆဲလား စုံစမ်းနေ Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.