အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၇

၁၆.၁၀.၂၀၁၄ရက်နေ့ ၂၀၅၀အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရား လမ်းအတိုင်း သန်လျင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော I----ဘီအမ် အငှားယာဉ်သည် ရွှေယူနန် စားသောက်ဆိုင် အလွန်အရောက် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ သာကေတ မြို့နယ်နေ ယာဉ်မောင်း ကိုကျော်ဆန်းလင်း မောင်းနှင်လာသော 8C----လိုက်ထရပ်ကိုယ်ပိုင်ယာဉ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး အခင်းဖြစ် နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် (၂)စီးပျက်စီးသွားခဲ့ကာ 8C----လိုက်ထရပ်ယာဉ် ပေါ်ပါသူများဖြစ်သည့် သန်လျင်မြို့နယ်နေ ကိုကျော်သူရ (၃၃)နှစ်တွင် ဝဲပေါင်  ပေါက်ပြဲ၊ ဝဲခြေသလုံးညိုမဲဒဏ်ရာများ ရရှိခဲ့သဖြင့် သန်လျင်ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ပြီး ကိုမင်းမင်းပါ (၅)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ သန်လျင်ဆေးရုံတွင် အတွင်း/အပြင်လူနာများအဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း (စုံစမ်းဆဲ)အား သန်လျင်မြို့မ ရဲစခန်းယာဉ် (ပ)၁၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf


အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 12:06 Rating: 5
Powered by Blogger.