အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၁၉)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၇

၁၆.၁၀.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းအတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော M----ဟိုင်းလပ်၊ အမှတ်(၅)ယာဉ်လိုင်း၊ ရန်ကုန်-ပဲခူး-ညောင်လေးပင် ခရီးသည် တင်ယာဉ်သည် လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်း ကျေးရွာအနီး လမ်းလယ်ကျွန်း အမှတ်(၁၈၁)အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်သို့ တိမ်းမှောက် သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ကျား/မ (၁၉)ဦးတို့ တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ လှည်းကူးဆေးရုံနှင့် ၃/၁၀၀ တပ်ဆေးရုံတို့တွင် အတွင်း/ အပြင်လူနာများ အဖြစ် အသီးသီး ဆေးဝါးကုသမှု ခံယူလျက်ရှိပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်း (စုံစမ်းဆဲ)အား လှည်းကူးမြို့မရဲစခန်းယာဉ် (ပ)၈၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/ ၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf


အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၁၉)ဦးဒဏ်ရာရ အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၁၉)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 12:09 Rating: 5
Powered by Blogger.