ရှေ့ယာဉ်အားကျော်တက်မောင်းနှင်စဉ် လမ်းလယ်တွင်ရပ်နေသူ (၂)ဦးအား တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၆

၁၅.၁၀.၂၀၁၄ရက်နေ့ ၂၀၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ခင်မောင်ဦး(စိစစ်ဆဲ)မောင်းနှင်လာသည့် 4B----အဓိပတိ (အဝါ)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် (၇)မိုင်ခွဲအနီး အရောက် ရှေ့မှမောင်းနှင်နေသည့်ယာဉ်ကို ကျော်တက်မောင်းနှင်စဉ် လမ်းဖြတ်ကူးရန်အတွက် လမ်းလယ်တွင် ရပ်နေသူများ ဖြစ်သော မရမ်းကုန်း မြို့နယ်နေ မနှင်းပွင့်ကြည် (၁၈)နှစ်နှင့် မအေးအေးအောင် (၁၈)နှစ်တို့ (၂)ဦးကို ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မနှင်းပွင့်ကြည်မှာ ခန္ဓာကိုယ်တွင်ဖူးရောင်၊ ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မအေးအေးအောင်တွင် ဝဲနားသွေးထွက်၊ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း ခင်မောင်ဦးအား မရမ်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၁၀၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf



ရှေ့ယာဉ်အားကျော်တက်မောင်းနှင်စဉ် လမ်းလယ်တွင်ရပ်နေသူ (၂)ဦးအား တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ ရှေ့ယာဉ်အားကျော်တက်မောင်းနှင်စဉ် လမ်းလယ်တွင်ရပ်နေသူ (၂)ဦးအား တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:58 Rating: 5
Powered by Blogger.