ဟောင်ကောင် တရားရုံး အမိန့်ကို ဆန္ဒပြသူတွေ လက်မခံ

ဟောင်ကောင်မှာ ​ဆန္ဒပြမှုတွေ ​ရုပ်သိမ်းပေးဖို့ ​အစိုးရက ​တောင်းဆို ထားပေမယ့် ​ဆန္ဒပြမှုတွေ ​တစ်လနီးပါး ​ကြာတဲ့အထိ ​ဆက်လက် ဖြစ်နေတဲ့ အတွက် ​အဓိကရုဏ်း ​ဖြစ်ပွားမယ့် ​အလားအလာ ရှိနေပြီလို့ ​ဟောင်ကောင် ရဲတွေက ​သတိပေး ​ပြောကြားလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း ​Mong ​Kok ​ရပ်ကွက်မှာ ​ပိတ်ဆို့ထားတဲ့ ​ဆန္ဒပြသူတွေနဲ့ ​ရဲတွေအကြား ​ရုန်းရင်းဆန်ခမှုတွေ ​ပိုဖြစ်လာနေပါတယ်။

ရဲတွေရဲ့ ​အဆိုအရ ​ရဲတွေရှိနေတဲ့ ​ဘက်ကို ​ဆန္ဒပြသူတွေ ​တမင်တကာ ​ကျော်လာပြီး ​ရန်စတာတွေ ​လုပ်နေတဲ့အတွက် ​မကြာခင်မှာ ​အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့ ​ရဲတွေက ​ပြောလာတာပါ။

ဟောင်ကောင် ​တရားရုံးကလည်း ​ဆန္ဒပြသူတွေက ​ကားလမ်းတွေပိတ်ချထားတဲ့အတွက် ​တက္ကစီ ​ကားသမားတွေ၊ ​ဘတ်စ်ကားတွေအတွက် ​နစ်နာမှုတွေ ​ဖြစ်နေပြီး ​လမ်းကို ​ရှင်းပေးဖို့ ​တရားရုံးက ​ပြောပါတယ်။

ဒါပေမဲ့ ​ဆန္ဒပြသူတွေကတော့ ​တရားရုံးရဲ့ ​အမိန့်ကို ​အာခံပြီး ​ဆက်လက်ဆန္ဒပြသွားမယ်လို့ ​ဆိုပါတယ်။

ဒီကနေ့မှာတော့ ​ဟောင်ကောင် ​အစိုးရ ​ကိုယ်စားလှယ်နဲ့ ​ဆန္ဒပြခေါင်းဆောင်တွေ ​တွေ့ဆုံပြီး ​အပြန်အလှန် ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ရှိတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Huey ​Fern ​Tay ​က ​ဘေကျင်းမြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

By Huey Fern Tay, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-21/1381225

ကုန်တိုက်ရှိရာ Mong Kok မှာ ဆက်လက်ဆန္ဒပြနေကြသူများ (Credit: Reuters) 

ဟောင်ကောင် တရားရုံး အမိန့်ကို ဆန္ဒပြသူတွေ လက်မခံ ဟောင်ကောင် တရားရုံး အမိန့်ကို ဆန္ဒပြသူတွေ လက်မခံ Reviewed by သစ်ထူးလွင် on 08:38 Rating: 5
Powered by Blogger.