ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီးမှာ Instagram ကို ပိတ်ပင်


ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်နေချိန်၌ တရုတ်ပြည်မကြီးတွင် ဓါတ်ပုံမျှဝေသော လူမှုကွန်ယက်ဝက်ဘ်ဆိုက် Instagram ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော လပိုင်းများအတွင်းက Facebook က ၀ယ်ယူခဲ့သော Instagram အား ပိတ်ပင်လိုက်သည်ဆိုသော သတင်းအား ရိုတ်တာသတင်းဌာနက ဟောင်ကောင်အခြေစိုက် The New York Times သတင်းထောက်အား ကိုးကားဖော်ပြသည်။

www.blockedinchina.net ကလည်း ဘေကျင်း၊ ရှန်ဇန်းပြည်နယ်များအပါအ၀င် တရုတ်ပြည်တွင် Instagram အား ပိတ်ပင်လိုက်ကြောင်း Facebook အားလည်း ကန့်သတ်မှုပြုထားကြောင်း ဖော်ပြထားသည်။

အာရှတိုက်၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်၏ ဒီမိုကရေစီအရေးအား ဘေကျင်းက တားမြစ်ပိတ်ပင်ရန်ကြိုးစားသောကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။ ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများသည် မျက်နှာဖုံးစွပ်များ၊ ထီးများဖြင့် မျက်ရည်ယိုဗုံးဒဏ်မှ အကာအကွယ်ယူကာ အရှိန်မြှင့်တင် လှုပ်ရှားလျက်ရှိနေသည်။
အဆိုပါ ထိပ်တိုက်တွေ့ဆုံမှု၏ ပုံရိပ်များ တကမ္ဘာလုံးတွင် ပျံ့နှံ့နေရာ ဟောင်ကောင်၏ စီးပွားရေးဗဟိုချက်ဟူသော ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တရုတ်သမ္မတ စီကျင်ပင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်နိုင်ချေ မြင့်တတ်လျက်ရှိသည်။

ဆန္ဒပြဓါတ်ပုံများတွင် #OccupyCentral ဟု ရေးသားဝေမျှကြရာ တရုတ်နိုင်ငံ၏ အသုံအများဆုံး လူမှုကွန်ယက် Weibo တွင်လည်း အဆိုပါ စကားလုံးအား တားမြစ်ထားသည်။ ဆန္ဒပြပွဲများ၏အစပိုင်းက ခွင့်ပြုထားခဲ့သောသည်။

တရုတ်နိုင်ငံက ယင်းဆန္ဒပြပွဲများအား ဥပဒေပလုပ်ရပ်အဖြစ်ပြောဆိုထားပြီး ချေမှုန်းပစ်ရန် ဟောင်ကောင်အစိုးရအား အခွင့်အာဏာအပ်နှင်းထားပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော်လည်း ဟောင်ကောင်မှ အသုံးပြုသူများအနေနှင့်မူ Instagram ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီးမှာ Instagram ကို ပိတ်ပင် ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီးမှာ Instagram ကို ပိတ်ပင် Reviewed by သစ်ထူးလွင် on 20:28 Rating: 5
Powered by Blogger.