သံသယ လူနာတွင် အီဘိုလာရောဂါပိုး မရှိကြောင်း သတင်းထုတ်ပြန်

အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာမှာ အီဘိုလာရောဂါပိုးမရှိဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်း ကို ပေးပို့စစ်ဆေးခဲ့ရာ လူနာအပါအ၀င် လူနာနဲ့ထိတွေ့သူ ၅ ဦးစလုံးရဲ့ ဓာတ်ခွဲနမူနာမှာ ကူးစက်မြန် အီဘိုလာ ရောဂါပိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။

သံသယလူနာနဲ့အတူ အားလုံးရဲ့ ကျန်းမာရေး အခြေအနေ လုံးဝကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရကြောင်း  မြန်မာနိုင်ငံ ရောဂါထိန်းချုပ်တားဆီးရေး ဗဟိုဌာန (Myanmar CDC)  ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က  ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63940


သံသယ လူနာတွင် အီဘိုလာရောဂါပိုး မရှိကြောင်း သတင်းထုတ်ပြန် သံသယ လူနာတွင် အီဘိုလာရောဂါပိုး မရှိကြောင်း သတင်းထုတ်ပြန် Reviewed by သစ်ထူးလွင် on 13:45 Rating: 5
Powered by Blogger.