တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော

၂၀၁၄ ခုနှစ် အာရှပစိဖိတ်အလှမယ် မေမြတ်နိုးက သရဖူကို National Organization ဆီ ပြန်အပ်မှာမဟုတ်ဘဲ ကိုရီးယားရှိ Miss Asia Pacific Organization က တရားဝင်တောင်းပန်စာနဲ့ တောင်းပန်မှ တိုက်ရိုက်ပြန်လည်ပေးအပ်မယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 သရဖူကို ဇွန်လတုန်းက ချီးမြှင့်ခံရတာဖြစ်ပြီး ၃ လအတွင်း သရဖူပြန်သိမ်းခံရ တာ ဖြစ်ပါတယ်။

မြန်မာအလှ မယ် မေမြတ်နိုးရဲ့ သရဖူ ကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World က ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Miss Asia Pacific World က ထုတ်တဲ့ ကြေညာချက်မှာ မေမြတ်နိုးဟာ သူ့ကို အောင်ပွဲ ဆီ ဆောင်ကျဉ်းခဲ့တဲ့ သူရဲ့မိခင်အဖွဲ့ အစည်းနဲ့ နေရှင်နယ် ဒါရိုက်တာ၊ မန်နေဂျာ၊ မီဒီယာနဲ့ ပရိ သတ်တွေကို လိမ်လည်ပြီး မလေးမစားလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို သရဖူ အသိမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး  မေမြတ်နိုးကတော့ သူ့အနေနဲ့ သရဖူ အသိမ်းခံရတဲ့အထိ အမှားကို မလုပ်တဲ့အတွက် ပြန်လည်ရှင်းလင်း မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63960


----------------------------------------------------------------------------------------

တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော

မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။

ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း| ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါတယ်။

မေမြတ်နိုးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြိုင်ပွဲမှာတော့ အသက်ဆယ့်ရှစ်နှစ်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရှပစိဖိတ်ဝေါ အဖွဲ့အစည်း က ကြေညာချက်ကို မြန်မာနိုင်ငံရောက်မှ သိရှိခဲ့တာကြောင့် crown ပြန်မပေးဖြစ်ခဲ့ကြောင်း ခိုးလာတာမဟုတ်ကြောင်းရှင်းပြပါတယ်။

ကိုရီးယားအဖွဲ့အစည်းအနေနဲ့ သူတို့ အမှားကို သမီးအမှားပါလို့ ပုံချပြီး မြန်မာနိုင်ငံ ကိုရှုံ့ချတဲ့အတွက် တောင်းပန်စာလိုချင်ပါတယ်။ တောင်းပန်စာရမှ crown ကို အဖွဲ့အစည်းကို ပြန်အပ်မယ်။ သမီးဘက်က မမှားလို့ တောင်းပန်စရာမရှိဘူး။ သူတို့မတောင်းပန်ရင် သက်ဆိုင်ရာကနေ ဆက်လုပ်သွားမယ်´ လို့လည်း မေမြတ်နိုးက ဆိုပါတယ်။

Author ရဲလင်းလင်းသန်း
photo ကိုမျိုးခိုင်
Kumudra
https://www.facebook.com/newsKumudra


တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော Reviewed by သစ်ထူးလွင် on 13:40 Rating: 5
Powered by Blogger.