မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာသိမ်း ကိစ္စရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ်ကျခံနေရတာတွေဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အာအက်ဖ်အေရဲ့ အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက် မေးမြန်းရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

" လယ်တွေပေါ့နော် ပြန်ပြီးပေးဖို့ မူလပိုင်ရှင်တွေကို ဘယ်လိုဘယ်လိုအခြေအနေမျိုးဆိုရင် ပြန်ပေးမှာလည်းဆိုပြီးတော့ လွှတ်တော်ကတော့ အကြံပြုတယ်၊ ဒါပေမဲ့ လွှတ်တော်ကတော့ အကြံပေးတာပဲရှိတယ်၊ ဒီဟာကို အကောင်အထည်ဖေါ်ဖို့ဟာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်ဖေါ်ရမှာပေါ့ "

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲအတွက် ပီအာစနစ်အသုံးပြုဖို့ ကြိုးပမ်းချက်တွေ အရှိန် မြင့်တက်လာနေတာ ဘယ်လိုသဘောရပါသလဲလို့ မေးတဲ့အခါမှာ ဒီလိုရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့ လိုလိုလားလား တောင်းဆိုချက်အရသာ ဖြစ်သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ကိစ္စကို သူ့အနေနဲ့ကျေနပ်ကြောင်း စသဖြင့်လဲ ပြောကြားသွားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by သစ်ထူးလွင် on 10:36 Rating: 5
Powered by Blogger.