အစ္စလာမ်မစ် စစ်သွေးကြွ ဘယ်နေရာပဲ ရောက်ရာက် တိုက်ခိုက်မယ်- အိုဘားမား

IS ​အစ္စလာမ်မစ် ​နိုင်ငံ ​တည်ထောင်တဲ့ ​စစ်သွေးကြွတွေ ​ဘယ်နေရာမှာပဲ ​ရောက်ရောက် ​လိုက်လံ ​တိုက်ခိုက်မှု ​လုပ်သွားမယ်လို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူ ​စစ်သွေးကြွတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲ ​ဆိုတဲ့အကြောင်းနဲ့ ​ပတ်သက်ပြီး ​မဟာနည်းဗျူဟာ ​ချမှတ်ရာမှာ ​အိုဘားမားက ​ရုပ်မြင်သံကြားမှာ ​ကြေညာခဲ့တာပါ။

အီရတ်နိုင်ငံက ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​တိုးချဲ့ ​တိုက်ခိုက်မှု ​လုပ်ရုံသာမက ​ဆီးရီးယားနိုင်ငံတွင်းက ​စစ်သွေးကြွတွေကိုပါ ​တိုက်ခိုက်မှု ​လုပ်တော့မယ်လို့လည်း ​ကြေညာလိုက်ပါတယ်။

စစ်သွေးကြွအဖွဲ့ကို ​တိုက်ဖို့ ​စစ်သားစေလွတ်မှာမဟုတ်ပဲ ​နိုင်ငံတကာနဲ့ ​ပူးပေါင်းပြီး ​ဝေဟင်ကနေသာ ​တိုက်ခိုက်မှု ​လုပ်မယ်လို့ ​ပြောပါတယ်။

အမေရိကန်နိုင်ငံကို ​ခြိမ်းခြောက်မှု ​လုပ်တဲ့ ​ဘယ် ​အကြမ်းဖက်သမားကိုမဆို ​မြေလှန်ရှာဖွေပြီး ​ခြေမှုန်းသွားမယ်ဆိုတာကို ​အတိအလင်းပြောလိုကြောင်းလည်း ​အိုဘားမားက ​ဆိုပါတယ်။

အမေရိကန်သမ္မတရဲ့ ​အဓိက ​မူအတိုင်းပဲ ​အမေရိကန်ကို ​ခြိမ်းခြောက်ရင်း ​နေစရာနေရာ ​ရှိမှာ ​မဟုတ်ဘူးဆိုတာကို ​ပြောချင်တယ်လို့ ​သမ္မတ ​အိုဘားမားက ​ပြောပါတယ်။

အမေရိကန် ​သမ္မတ ​ချပြတဲ့ ​မဟာဗျူဟာအရ ​ဝေဟင်ကနေ ​စနစ်တကျ ​တိုက်ခိုက်မှုတွေ ​လုပ်မယ့်အကြောင်း၊ ​IS ​အဖွဲ့ကို ​တိုက်ခိုက်နေတဲ့ ​တခြားအဖွဲ့တွေကို ​စစ်သင်တန်း၊ ​ထောက်လှမ်းရေးအချက်အလက်နဲ့ ​စစ်သုံးပစ္စည်းတွေ ​ပိုမိုပေးဆောင်မယ့်အကြောင်း၊ ​IS ​ရဲ့ ​အကြမ်းဖက်မှုကို ​ကြိုတင်ကာကွယ်တဲ့အနေနဲ့ ​IS ​အဖွဲ့ရရှိနိုင်တဲ့ ​ဝင်ငွေတွေ ​ဖြတ်တောက်ပြီး ​အရှေ့အလယ်ပိုင်းက ​ပြည်သူတွေ ​အကြမ်းဖက်အဖွဲ့နဲ့ ​မပူးပေါင်းအောင် ​အတွေးအခေါ် ​ပြောင်းလဲတာမျိုးတွေ ​လုပ်ဆောင်မယ့်အကြောင်းနဲ့ ​ပြည်သူတွေကို ​လူသားခြင်း ​စာနာရေးအထောက်အပံ့တွေ ​ဆက်လက်ပေးသွားမယ့်အကြောင်းတွေ ​ပါဝင်ပါတယ်။

ဒီလုပ်ငန်းတွေ ​အကောင်အထည် ​ဖော်ဖို့အတွက် ​ဒေါ်လာ ​သန်းပေါင်း ​၅၀၀ ​ချမှတ်ပေးဖို့လည်း ​အိုဘားမားက ​လွှတ်တော်ကို ​တောင်းဆိုထားပါတယ်။
သြစတြေးလျက ​စောင့်ကြည့်ဦးမယ်


အမေရိကန်ရဲ့ ​နည်းဗျူဟာကို ​အရင်စောင့်ကြည့်ပြီးမှ ​သြစတြေးလျအနေနဲ့ ​ဘာတွေ ​လုပ်သင့်သလဲဆိုတာကို ​ပြောဆိုမယ်လို့ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

ဘယ်လိုပဲ ​ဖြစ်ဖြစ် ​သြစတြေးလျ ​စစ်သားတွေကိုတော့ ​စစ်မြေပြင်ကို ​မပို့ဆောင်နိုင်ဘူးတော့ ​ပြောဆိုထားပါတယ်။

ဒီပြဿနာရဲ့ ​အဆုံးက ​ဘယ်မှာလည်း ​ဆိုတာ ​မသိကြတဲ့အတွက် ​ထဲထဲဝင်ဝင် ​ပါဝင်ဖို့ ​နှောင့်နှေးနေကြတာ ​ဖြစ်တယ်လို့ ​ဆစ်ဒနီတက္ကသိုလ်က ​ပါမောက္ခတစ်ဦးက ​သုံးသပ်ပါတယ်။

ဒီအချိန်မှာ ​သြစတြေးလျက ​အမေရိကန်နောက် ​ထပ်ချမခွာ ​လိုက်လုပ်ရင် ​အကောင်းထက် ​အဆိုး ​ပိုဖြစ်မယ်လို့လည်း ​သုံးသပ်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-11/1367157

အမေရိကန် ဒုံးကျည်တပ်ဆင်ဖို့ ပြင်ဆင်နေပုံ (Credit: Reuters) 

အစ္စလာမ်မစ် စစ်သွေးကြွ ဘယ်နေရာပဲ ရောက်ရာက် တိုက်ခိုက်မယ်- အိုဘားမား အစ္စလာမ်မစ် စစ်သွေးကြွ ဘယ်နေရာပဲ ရောက်ရာက် တိုက်ခိုက်မယ်- အိုဘားမား Reviewed by သစ်ထူးလွင် on 10:39 Rating: 5
Powered by Blogger.