လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

၃၁.၈.၂၀၁၄ရက်နေ့ ၀၅၄၀အချိန်လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းအတိုင်း သမကုန်း အဝိုင်း ဘက်မှ ရွှေပြည်သာ တံတားဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုအောင်ကျော်ခိုင် မောင်းနှင်လာသော 3H---ဟိုင်းလပ်ဆပ်ဖ် ငွေမင်ရောင်ယာဉ်သည် အားမာန်မှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ လှိုင်သာယာမြို့နယ်နေ မစိုးစိုးနွယ်အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူတွင် ဝဲ/ယာပါး၊ ယာလက်မောင်းဖူးရောင် ပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်းစုတ်ဒဏ်ရာများရရှိခဲ့ သဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကျော်ခိုင်အား သောင်ကြီးနယ်မြေ ရဲစခန်းယာဉ်(ပ) ၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 13:31 Rating: 5
Powered by Blogger.