စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

၃၁.၈.၂၀၁၄ရက်နေ့ ၂၃၀၀အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းအတိုင်း ဆင်မလိုက်ဘက်မှ သီရိမင်္ဂလာ ဈေးဟောင်း ဘက်သို့ ကြည့်မြင်တိုင်မြို့နယ်နေ ကိုအောင်ကျော်ဖြိုး မောင်းနှင်လာသော ၈ဈ/---စူပါကာစတန်အဖြူရောင်ယာဉ်သည် ကွမ်းရွဲတန်း လမ်းထိပ်အရောက် အလုံမြို့နယ်နေ စည်ပင် နေ့စား ဝန်ထမ်း မဝင်းဝင်းသန်းတွန်း၍ သွားနေသော လက်တွန်းလှည်းအား နောက်မှ ဝင်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့် လက်တွန်းလှည်းတို့ ပျက်စီးခဲ့ပြီး မဝင်းဝင်းသန်းတွင် ဝဲချိုစောင်း စုတ်ပြဲ၊ ဝဲခြေသလုံး ဖူးရောင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပါ သည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကျော်ဖြိုးအား ကြည့်မြင်တိုင်မြို့မရဲ စခန်းယာဉ်(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး Reviewed by သစ်ထူးလွင် on 13:33 Rating: 5
Powered by Blogger.