ဗာရာဏသီမြို့ဟောင်း မြိုသစ်အသွင်ပြောင်းဖို့ ဂျပန်ကူညီမည်

အိန္ဒိယနဲ့ဂျပန် နှစ်နိုင်ငံ ပူးပေါင် ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံကို ၅ ရက်တာ ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အိန္ဒိယရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ရှေးဟောင်း ဗာရာဏသီမြို့ကို အရာရာခေတ်မီ အဆင်ပြေတဲ့မြို့အဖြစ် အသွင်ပြောင်းရေး အတွက် မြို့ရဲ့မြေပုံကို ကျိုတိုမြို့တော်ဝန် Daisaku Kadokawa ကို ပေးအပ်လိုက်ပါတယ်။

မြို့ပြလူနေမှုအတွက် အဆင်ပြေပြေရှိမယ့် သမိုင်းအမွေအနှစ်မြို့ပြဖန်တီးရေး အစီအစဉ်အရ အိန္ဒိယမြို့တွေကို သမိုင်းအမွေအနှစ် ဆက် ထိန်းသိမ်း ထားရင်းနဲ့ ခေတ်မီ မြို့ပြအဖြစ် အသွင်ပြောင်းဖို့ ကျိုတိုမြို့ ဝိုင်းဝန်းကူညီပြီး ပူးပေါင်း ဆောင်ရွတ်ပေးမှာ ဖြစ်ပါတယ်။

နှစ်ဖက် လက်တွဲလုပ်ဆောင်မှု သဘောတူလက်မှတ်ရေးထိုးပွဲကိုတော့ စနေနေ့မှာပဲ Mr. Modi နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရှေ့မှောက်မှာ ကျင်းပခဲ့ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/japan-is-to-help-reforming-of-barasani-old-city-of-india-/2433965.html
အိန္ဒိယဝန်ကြီးချုပ် Narendra Modi

ဗာရာဏသီမြို့ဟောင်း မြိုသစ်အသွင်ပြောင်းဖို့ ဂျပန်ကူညီမည် ဗာရာဏသီမြို့ဟောင်း မြိုသစ်အသွင်ပြောင်းဖို့ ဂျပန်ကူညီမည် Reviewed by သစ်ထူးလွင် on 02:23 Rating: 5
Powered by Blogger.