ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့်ပေးဖို့ MSF တောင်းဆို

 ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီးကတည်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ပိုဆိုးဝါးလာနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ အကူညီပေးရေး ပြောကြားထားတဲ့အတိုင်း ခွင့်ပြုဖို့ ဟော်လန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံပေး Reshma Adatia က မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရခိုင်မွတ်စလင်ပဋိပက္ခမှာ အာဏာပိုင်တွေ တောင်းဆိုတာကို မလိုက်လျောခဲ့တဲ့အတွက် MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် အစိုးရက ရပ်ဆိုင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်တက်လာအပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ ကတော့ MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အကူညီပေးရေးလုပ်ငန်းတွေ ပြန် လုပ်ဆောင်ခွင့်ပေးမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဘယ်အချိန်အခါမှာ စပြီး ဘယ်လို လုပ်ကိုင်ခွင့်ပေးမလဲဆိုတာ အခုထိ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ MSF အဖွဲ့က ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပေး ဖို့ ပြောကြားခဲ့ပေမယ့် ဒေသခံ ရခိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf


ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့်ပေးဖို့ MSF တောင်းဆို  ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့်ပေးဖို့ MSF တောင်းဆို Reviewed by သစ်ထူးလွင် on 10:12 Rating: 5
Powered by Blogger.