မြေပုံမြို့နယ်၌ နိုင်ငံသားပြုခွင့် စိစစ်ခွင့်ပြုသွားမည်

  ရန်ကုန် သြဂုတ် ၁၄

 ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားစိစစ်မှုတွင် မြန်မာနိုင်ငံ သား(သို့) မြန်မာနိုင်ငံသားပြုခွင့် အဖြစ် လာရောက် လျှောက်ထား လိုပါက ရခိုင်ပြည်နယ် မြေပုံမြို့ ၌ ယခုလ ၅ရက်မှ စတင်ဆောင် ရွက်ပေးလျက်ရှိရာ ယခုလ ၁ဝ ရက်အထိ လာရောက်လျှောက် ထားသူပေါင်း ၁ဝ၉၄ ဦးရှိနေပြီ ဖြစ်ကြောင်း မြေပုံမြို့နယ် စိစစ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့နိုင်ငံသားအဖြစ်(သို့) ပြုခွင့်လျှောက်ထားလိုသူများ သည် ၄င်းတို့၏ဘိုးဘွားအစဉ် အဆက်တို့က မြန်မာနိုင်ငံတွင်း သို့ ၁၉၄၈ ခုနှစ်မတိုင်မီ ရောက် ရှိခြင်းရှိမရှိကို စိစစ်သွားမည့် အပြင် သတ်မှတ်ချက်များနှင့် ညီမညီကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေး အတွက်စိစစ်ဆောင်ရွက်ရာတွင် မြို့နယ်စိစစ်ရေးအဖွဲ့မှတစ်ဆင့် ပြည်နယ်စိစစ်ရေးအဖွဲ့၊ ထိုမှ တစ်ဆင့်ဗဟိုအဖွဲ့၊ ၄င်းတို့မှ တစ်ဆင့် ဝန်ကြီးဌာနသို့တင်ပြ ကာ ဝန်ကြီးဌာနမှ နိုင်ငံသား ဖြစ်နိုင်မဖြစ်နိုင်ကို ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ပြောကြားချက်အရ ရခိုင်ပြည် နယ်တွင် တိုင်းရင်းသားဦးရေ ၁၉၃၁၆၅၁ဦး၊ ဘင်္ဂါလီလူဦးရေ ၁ဝ၅၂၅၈၂ဦးရှိကြောင်းသိရသည်။

ဝိုင်းဝိုင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764



မြေပုံမြို့နယ်၌ နိုင်ငံသားပြုခွင့် စိစစ်ခွင့်ပြုသွားမည်    မြေပုံမြို့နယ်၌ နိုင်ငံသားပြုခွင့် စိစစ်ခွင့်ပြုသွားမည် Reviewed by သစ်ထူးလွင် on 15:26 Rating: 5
Powered by Blogger.