အမျိုးသားတဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

   သြဂုတ်လ ၁၃ ရက် နံနက် ၈နာရီခွဲခန့်ချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်တွင် အသက် (၅၈)နှစ်အရွယ် အမျိုးသားတစ်ဦး မိမိနေအိမ်တွင် ကြိုးဆွဲချသေဆုံး နေသည့် ဖြစ်ရပ်ခု ဖြစ်ပွားခဲ့ကြောင်း လွိုင်ကော်မြို့ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက် မဇ္ဇျိမလမ်း အိမ်အမှတ် လ⁄၄ တွင်နေထိုင်သေား ဦးမြင့်သန်း အသက်(၅၈) နှစ် သည် ၎င်း၏ နေအိမ်အပေါ်ထပ် ဧည့်ခန်းတွင် တံခါးများပိတ်ကာ သစ်သားထိုင်ခုံပေါ်တတ်၍ လျှပ်စစ်ကြိုးအဖြူရောင် (၆) ပေခွဲခန့်အားအသုံးပြုကာ နေအိမ်ထုတ်တန်း အမြင့် ၈ပေခွဲတွင် ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရှိရသည်။

ဦးမြင့်သန်းမှာ ပတ်ဝန်းကျင်မှ ပြောပြချက်အရ ၎င်း၏ နေအိမ် အပေါ်ထပ်တွင် တစ်ဦးတည်းနေထိုင်ကာ မည်သူနှင့် မျှ ခေါ်ပြောခြင်းမရှိဘဲ မိမိဘာသာနေထိုင်တတ်ပြီး မိမိအိမ်အောက်ထပ်တွင်နေထိုင်သော ညီမလင်မယားကိုပါ စကားပြောဆိုခြင်မရှိကြောင်း သိရသည်။

၎င်းတွင် သမင်ဖြူဟုခေါ်သော အရည်ပြားရောဂါရှိပြီး အိမ်ထောင်မရှိဘဲ စိတ်ကျရောဂါ ရှိနိုင်ကြောင်း မိမိတစ်ဦးတည်းသာ နေထိုင်တတ်ကြောင်း အလုပ်အကိုင်မှာ ဈေးစောင့် အလုပ် ဖြစ်ကြောင်းသိရသည်။

ဦးမြင့်သန်း သေဆုံးနေသည်ကို ရပ်ကွက်မှ ၉ နာရီ အချိန်ခန့်တွင် လွိုင်ကော် မြို့မှ ရဲစခန်းသို့ဖုန်းဆက် အကြောင်းကြားသောကြောင့် ဒုရဲအုပ် စိုင်းလှအောင်၊ နယ်ထိန်း တပ်ကြပ်အောင်ကျော်စိုး တို့နှင့် သက်သေများအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးမြင့်သန်း သေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

Written by ဆန်းဖြိုးထွန်း
http://www.ktimes.org/index.php/news/1003-2014-08-15-05-14-19


အမျိုးသားတဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား    အမျိုးသားတဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:58 Rating: 5
Powered by Blogger.