လားရှိုးမြို့ မိုးသည်းညတွင် အဆောင်တစ်ခုတည်းမှ ဆိုင်ကယ် (၇)စီးပျောက်ဆုံး

 လားရှိုး၊ သြဂုတ် (၂၁) သမန်းကျား

သြဂုတ်လ ၂၀ ရက်နေ့ ညတွင် လားရှိုးမြို့ ၊ ရပ်ကွက် (၁၀) နယ်မြေ (၄)၊ မြို့ ဝမ် လမ်း၊ ရွှေရည်ဝင်းအမျိုးသမီးအဆောင်မှ ဆိုင်ကယ် (၇) စီး ပျောက်ဆုံး သွားကြောင်း သတင်းရရှိသည်။

ညက မိုးတွေ အရမ်းသဲနေတာလေ။ ဘာသံမှ သတိ မထားလိုက်မိဘူး။ ခြံတခါး သော့ကို ဖျက်ပြီးတော့ ၀င်ယူသွားတာ။ ဆိုင်ကယ်က (၉)စီးရှိတဲ့ဟာ အခု (၂) စီးပဲ ကျန်ခဲ့တယ်။ (၇)စီးပါသွားတယ် ဟု အဆောင်မှူးဖြစ်သူက ပြောပြသည်။

လားရှိုးမြို့ တွင် သြဂုတ်လ (၂၀) ရက်နေ့ ၊ ည ၁၁ နာရီခန့် မှ သြဂုတ်လ (၂၁) ရက်နေ့  မနက် ၆ နာရီခန့် အထိ မိုးသည်းထန်စွာရွာသွန်းနေခဲ့ရာမှ တက္ကသိုလ် ကျောင်းသူအများစု နေထိုင်ရာ ယင်းအမျိုးသမီးဆောင်အတွင်းမှ ဆိုင်ကယ် (၇) စီးကို ခြံတံခါးသော့အား ဖျက်ကာ ၀င်ရောက်ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်တဲ့ (၂)စီးတော့ ဘာဖြစ်လို့ ထားခဲ့လဲမသိဘူး။ ခုပါသွားတာက ဆိုင်ကလုံးတွေ များတယ်။ 110 တွေရော၊ 125 တွေရောပေါ့။ ဆိုင်ကယ်တွေ အခိုးခံရတာကို သိသိခြင်းပဲ ကျွန်မတို့  ရပ်ကွက်ရုံးကို တိုင်ထားပါတယ်ဟု အဆောင်မှူး က ဆက်လက်ပြောပြသည်။

လားရှိုးမြို့ တွင် ခိုးမှုများဆက်တိုက်ဖြစ်ပွားနေခဲ့သဖြင့် မြို့ နယ်ရဲတပ်ဖွဲ့ မှူး ကိုယ်တိုင်အနီးကပ်ကြီးကြပ်ကွပ်ကဲကာ မကြာသေးမှီက သူခိုးဂိုဏ်းကြီးအား ဖမ်းဆီးရမိခဲ့ခြင်း၊ ရပ်ကွက် အသီးသီးမှ ဆိုင်ကယ်ခိုးယူရာတွင် ပါဝင်ပါတ်သက် မှုရှိသည်ဟု ယူဆရသူများ၊ လက်ပူးလက်ကြပ်မိသူများအား ခေါ်ယူစစ်ဆေး ဖမ်းဆီးအရေးယူခြင်းများ အဆက်မပြတ် ပြုလုပ်နေသည်ကို မြင်တွေ့ နေရသော်လည်း ယခုကဲ့သို့  ဆိုင်ကယ်အစုလိုက်အပြုံလိုက် ခိုးယူခံရပြန်ခြင်းဖြစ်ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf


လားရှိုးမြို့ မိုးသည်းညတွင် အဆောင်တစ်ခုတည်းမှ ဆိုင်ကယ် (၇)စီးပျောက်ဆုံး   လားရှိုးမြို့ မိုးသည်းညတွင် အဆောင်တစ်ခုတည်းမှ ဆိုင်ကယ် (၇)စီးပျောက်ဆုံး Reviewed by သစ်ထူးလွင် on 09:20 Rating: 5
Powered by Blogger.