မန္တလေးမြို့ ၆၂ လမ်း တစ်လျှောက် ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ်ပွား၍ လေးဦး သေဆုံး

 မန္တလေး သြဂုတ် ၂၀

 မန္တလေးမြို့ ၆၂ လမ်းတစ်လျှောက် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆက်တိုက် ယာဉ်တိုက်မှုများ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က နေရာများ အလိုက် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် ရပ်ကွက်တွင် နေထိုင်သော ကျော်ဇင်မင်း (၂၄ နှစ်) မောင်းနှင်လာသည့် (7B/ -----) စူပါမန္တလာ ရွိုင်ရယ်ဝက်ဂွန် အဖြူရောင်ယာဉ်သည် ချမ်းအေးသာစံမြို့နယ် ၃၂ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားမှ မောင်းနှင် ထွက်ခွာလာရာ ၎င်းရှေ့ရှိ ကုမ္ပဏီဝန်ထမ်း ဦးဇော်ထွန်း (သေဆုံး) (၄၀ နှစ်) အောင်မြေသာစံ မြို့နယ်နေသူ မောင်းနှင်လာသည့် ၃၃ယ/---- ဆန်ဘို အပြာရောင် ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး ဦးသန်းမြင့်ဦး (သေဆုံး) ဒေါနဘွားရပ် အောင်မြေသာစံ စီးနင်းလာသည့် ၄ယ/---- ဆိုင်ကယ်ကို ဝင်ရောက် တိုက်မိခဲ့ပြီး ၆၂ လမ်းနှင့် ၃၂ လမ်းထောင့်ရှိ ဓာတ်တိုင်အား ထပ်မံတိုက်မိ၍ ဆက်လက် မောင်းနှင် ထွက်ပြေးသွားသည်။

ဆက်လက်၍ အဆိုပါယာဉ်သည် မောင်းနှင် ထွက်ပြေးလာရာ ၆၂ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင် ဦးထက်ထက်နိုင်(သေဆုံး) ၃၀ နှစ် သံလျက်မော် အရှေ့၊ မဟာအောင်မြေ မြို့နယ် ဆိုင်ကယ်စီးနင်းပြီး ဦးသက်ဆွေထက် ၃၂ နှစ် နောက်ထိုင်လိုက်ပါ သံလျက်မော် အရှေ့တို့ကို တိုက်မိကာ ဦးသက်ဆွေထက် ဒဏ်ရာများ ရရှိပြီး ဆက်လက်၍ ရုပ်ဆိုးအနက်ရောင် ဆိုင်ကယ်အား ထပ်မံတိုက်မိရာ ဦးဖိုး (သေဆုံး)(၅၃ နှစ်) နေရပ်လိပ်စာ စုံစမ်းဆဲ၊ ဆက်လက်၍ မဟာအောင်မြေမြို့နယ် ၆၂ လမ်းပေါ်တွင် မအိမွန်ငြိမ်း (၂၁ နှစ်) ဒုတိယနှစ် ရူပဗေဒ (မန္တလာကောလိပ်) ချမ်းမြသာစည် နေသူနှင့် မသင်းသင်းအေး (၃၄ နှစ်) တို့ စီးနင်းလာသည့် စီဇက်အိုင် အနက်ရောင် ဆိုင်ကယ်ကို ထပ်မံတိုက်မိရာ နှစ်ဦးစလုံး ဒဏ်ရာများ (စိုးရိမ်ရ) အပြင်းအထန် ရရှိကြသည်။

အဆိုပါယာဉ်သည် ထပ်မံ၍ 7G/---- အေဒီဘင် အဖြူရောင်ယာဉ် မဟာမြိုင်(၂) ရပ်ကွက်နေ ကိုထွန်းထွန်းဝင်း၏ကားကို ဝင်ရောက် တိုက်မိသဖြင့် မောင်းနှင် ထွက်ပြေးစဉ် ၆၂ လမ်းနှင့် သိပ္ပံလမ်းဆုံ၌ ဖမ်းဆီးရမိသည်။ အခင်းဖြစ်ပွားရာ နေရာများသို့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပြီး ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်ဇင်မင်းကို အမှတ်(၃) ရဲတပ်ဖွဲ့စခန်းနှင့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့စခန်းက ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိပြီး ကျော်ဇင်မင်းအား အရက် သေစာသောက်စားထားခြင်း ရှိ၊ မရှိ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ၊ မရှိတို့ကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


မန္တလေးမြို့ ၆၂ လမ်း တစ်လျှောက် ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ်ပွား၍ လေးဦး သေဆုံး   မန္တလေးမြို့ ၆၂ လမ်း တစ်လျှောက် ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ်ပွား၍ လေးဦး သေဆုံး Reviewed by သစ်ထူးလွင် on 09:28 Rating: 5
Powered by Blogger.