ရုရှားစစ်ယာဉ်တန်း ယူကရိန်းနယ်စပ်ကို ထွက်ခွာ

 ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံထဲ လူသားချင်းအကူအညီအယောင်ပြပြီး စစ်လက်နက်ပစ္စည်း ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပေမယ့် ရုရှားစစ်ယာဉ်တန်းကြီးတွေဟာ ယူကရိန်းနယ်စပ်ကို ထွက်ခွာနေကြပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ညက ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရုရှား စစ်ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုပါတယ်။ နေတိုးကတော့ အခုလိုရုရှားယာဉ်တန်း ယူကရိန်းနိုင်ငံထဲကို ၀င်ရောက်မှုကို ကျူးကျော်မှုလို့ ပြောဆိုခဲ့ပါတယ်။

Ukarineကုန်တင်ကား ၂၈၀ ပါ ရုရှားကယ်ဆယ်ရေးယာဉ်တန်းကြီးကတော့ သောကြာနေ့ ညနေအထိတော့ ယူကရိန်းနဲ့နယ်စပ် ရုရှားနိုင်ငံဖက်ခြမ်းမှာပဲ ရှိနေပါသေးတယ်။
“အခုချိန်ထိတော့ ဘယ်ယာဉ်တန်းမှ ဖြတ်လာတာ မရှိသေးပါဘူး။ ကယ်ဆယ်ရေးယာဉ်တန်းဟာ ဒီနဲ့ကီလို ၄၀ အကွာမှာ ရှိနေတယ်လို့ပဲ သိထားပါတယ်”လို့ ဥရောပလုံခြုံရေးနဲ့ စောင့်ကြည့်ရေး အရာရှိတဦးက ပြောဆိုပါတယ်။

ဒီကယ်ဆင်ရေးယာဉ်တန်းတွေကို စစ်ဆေးနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဲ့ဒီ စစ်ဆေးမှုတွေဟာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ ဆက်သွယ်ရေး အရာရှိ က ပြောဆိုပါတယ်။
ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဒီလူသားချင်းအကူအညီတွေဟာ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးအခက်အခဲတွေကြောင့် ကြာအုံးမယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အီးယူအရေးပေါ် အစည်းအဝေးအပြီးမှာ အီးယူမူဝါဒရေးရာ အကြီးအကဲ ကက်သရင်း Ashton က ယူကရိန်းပြည်သူတွေရဲ့ အနာဂတ် အရေး၊ ယူကရိန်းနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းကူညီဖို့ ရုရှားနိုင်ငံ ကို တောင်းဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/62547


ရုရှားစစ်ယာဉ်တန်း ယူကရိန်းနယ်စပ်ကို ထွက်ခွာ  ရုရှားစစ်ယာဉ်တန်း ယူကရိန်းနယ်စပ်ကို ထွက်ခွာ Reviewed by သစ်ထူးလွင် on 18:32 Rating: 5
Powered by Blogger.