ဝမ်းတွင်းမြို့  နယ် လူခင်းကျေးရွာအုပ်စု ပျားစွဲကျေးရွာမှာ အစာအဆိပ်သင့်

မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ လူခင်းကျေးရွာအုပ်စု၊ ပျားစွဲကျေးရွာမှာ သြဂုတ်လ-၂၅-ရက်-၂၀၁၄နေ့နံနက် ၁၀နာရီခန့် လောက်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်မှ သတင်းရရှိပါတယ်။

ပျားစွဲမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ(၁၂)ယောက်ခန့်နဲ့ လူကြီး(၆)ယောက်လောက် အစားအဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။

အစာအဆိပ်သင့်တဲ့သူ (၁၆)ယောက်ခန့်ထဲမှာမှ ပြင်းပြင်းထန်ထန် မူးဝေအန်တဲ့သူ တစ်ဦးကိုတော့ မြို့နယ်ကျန်းမာရေးဌာနက ၀မ်းတွင်းပြည်သူ့ ဆေးရုံကို ခေါ်လာခဲ့တယ်လို့သိရပါတယ်။

အန်လာတဲ့ အရည်နဲ့ အစာအချို့ကိုလည်း ကျန်းမာရေးဌာနမှ ဓါတ်ခွဲစစ်ဆေးပြီးမှ မည့်သည်ကြောင့် ဖြစ်ရတယ် ဆိုတာ သိရမယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မှာ တရုတ်နိုင်ငံက ၀င်လာတဲ့ မုန့်တွေကြောင့် လျှာနဲ့ပါးစပ်တွေမှာ အနာတွေ ဖြစ်ကြရတယ်ဆိုတာ သိရပြီးနောက်၊ ၀မ်းတွင်းမြို့ နယ် ပျားစွဲကျေးရွာမှာလည်း အစာအဆိပ်သင့်မှု ဖြစ်လာခဲ့တာကြောင့် ကလေး - လူကြီးများ ထိတ်လန့်ခဲ့ရကြောင်း ဒေသခံတွေက သစ်ထူးလွင်ဝက်ဆိုဒ်ကို  ပြောပြပါတယ်။

BY THIT HTOO LWIN

ဝမ်းတွင်းမြို့  နယ် လူခင်းကျေးရွာအုပ်စု ပျားစွဲကျေးရွာမှာ အစာအဆိပ်သင့် ၀မ်းတွင်းမြို့  နယ် လူခင်းကျေးရွာအုပ်စု ပျားစွဲကျေးရွာမှာ အစာအဆိပ်သင့် Reviewed by သစ်ထူးလွင် on 18:42 Rating: 5
Powered by Blogger.