ဖောင်းပြင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုင်ခန်း(၁၅)ခန်း ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် ရိပ်သာချောင်းရေ ရုတ်တရက် တရှိန် ထိုးကျဆင်းသဖြင့် ချောင်းအနီးရှိ စည်ပင်သာယာဈေးရှိ ဆိုင်ခန်း(၁၅)ခန်းထိခိုက်ပျက်စီး

မုံရွာ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် သြဂုတ်လ(၂၅) ရက်နေ့ည (၁၀)နာရီ အချိန်တွင် တစ်နာရီအတွင်း မိုးရေချိန်(၄.၁၃)လက်မအထိ မိုးများ သည်းထန်စွာ ရွာသွန်းမှုပြီး ရိပ်သာကျောင်းလမ်း၊ ထိန်ကျင်းချောင်ဘက်မှ စိးဆင်းလာသော တောင်ကျရေများ တစ်ရှိန်ထိုး ရုတ်တရက် ကျဆင်းမှုကြောင့် မြို့နယ်စည်ပင်သာယာဈေးရှေ့ ရိပ်သာချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး စည်ပင်ဈေးတိုက်ခန်းစုစုပေါင်း(၂၄)ခန်းတွင် တိုက်ခန်းတွင် တိုက်ခန်း(၁၅)ခန်း၏ အောက်ခြေနှင့် နောက်ကျောနံရံများ ပွင့်ထွက်သွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ခန်း(၁၅)ခန်းတန်ဖိုး(၇၅)သိန်းနှင့်ပစ္စည်းတန်ဘိုး (၅၃၅၀၀၀ိ/-) ကျပ် စုစုပေါင်း တန်ဖိုးငွေကျပ်(၈၀၃၅၀၀၀ိ/-)ကျပ်ဖိုး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေကျေမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

ဒေသခံတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ ““ည(၁၀)လောက် မိုးတွေတအားရွာပြီး (၁၁)နာရီ ခန့်တွင် ဈေးရှိတိုက်ခန်းနံရံများအက်လာပြီး ပြိုကျလာတယ်။ အဲဒီအချိန်မှာပဲ မြို့နယ်မှ တာဝန်ရှိ သူတွေ ရောက်လာပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးပါတယ်။ ဒီလိုမဖြစ်ခင် မိုးလေ၀သ သတင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးကြီးမည်ဟု သတိပေး ချက် ရရှိသဖြင့် ဒေသခံများမှ ဂရုပြုနေကြကြောင်း၊ လွန်ခဲ့သည့် (၂၆)နှစ်ကျော်ခန့် ကလည်း တစ်နာရီအတွင်း မိုးရေချိန်(၄)လက်မအထိ ရွာသွန်းခဲ့ဖူးသဖြင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို အလေးထားဂရုစိုက်သင့်ကြောင်း””ပြောကြားခဲ့ပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဖောင်းပြင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုင်ခန်း(၁၅)ခန်း ထိခိုက်ပျက်စီး ဖောင်းပြင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆိုင်ခန်း(၁၅)ခန်း ထိခိုက်ပျက်စီး Reviewed by သစ်ထူးလွင် on 18:19 Rating: 5
Powered by Blogger.