တူမီးသေနတ်ထိမှန်၍ သေဆုံး

နေပြည်တော်၊ သြဂုတ် ၂၄

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ နောင်နိမ့်ကျေးရွာတွင် လူ(၁)ဦး တူမီးသေနတ်ထိမှန်၍သေဆုံးသွားကြောင်း သတင်းအရ မိုင်းပွန်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းကျေးရွာနေ ကံပေါ်(၄၀)နှစ်အား နဖူးဝဲဘက်ခြမ်း လက်မ၀က်ခန့် ခဲသီးဝင်ဒဏ်ရာနှင့် နောက်စေ့ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

 စစ်ဆေးချက်အရ တစ်ရွာတည်းနေ ၀င်းလှိုင်(၃၉)နှစ်မှာ အရက်သောက်စားမူးယစ်ပြီး ၎င်းပိုင် ခဲသီးနှင့်ယမ်းများဖြည့်ထားသည့် အရှည်(၅)ပေခန့်ရှိ တူမီးသေနတ်ဖြင့် နေအိမ်ပြူတင်းပေါက်မှ နေအိမ်အနောက်ဘက်သို့ ချိန်ရွယ်နေစဉ် တူမီးသေနတ်မှ ကျည်ပေါက်ထွက်ပြီး နေအိမ်၏ အနောက် ဘက်တွင်ရှိနေသော ကံပေါ်အား ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၀င်းလှိုင်အား မိုင်းပွန် နယ်မြေရဲစခန်း(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

တူမီးသေနတ်ထိမှန်၍ သေဆုံး တူမီးသေနတ်ထိမှန်၍ သေဆုံး Reviewed by သစ်ထူးလွင် on 17:23 Rating: 5
Powered by Blogger.