မြန်မာနိုင်ငံက ရာဇ၀တ်မှုနဲ့ မူးယစ်ဆေး ပြဿနာ တွေဟာ တည်ငြိမ်ဖွံ့ဖြိုးရေးကို ထိခိုက်နိုင်

  မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ရာဇဝတ်မှုကြီးတွေနဲ့ ​မူးယစ်ဆေးဝါး ပြဿနာကြောင့် ​တိုင်းပြည်တည်ငြိမ်ရေးနဲ့ ​ဖွံ့ဖြိုးရေးကို ​ထိခိုက်နိုင်တယ်လို့ ​ကုလသမဂ္ဂက ​သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​တရားမဝင် ​မူးယစ်ဆေးဝါး ​ပြဿနာကို ​ကုလသမဂ္ဂနဲ့ ​ပူးပေါင်း ​တိုက်ဖျက်မှုတွေ ​လုပ်ဖို့ ​မြန်မာနဲ့ ​ကုလသမဂ္ဂတို့ ​သဘောတူညီမှု ​လက်မှတ်ရေးထိုး ​ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ​ဘိန်းစိုက်ပျိုးတဲ့ ​နိုင်ငံထဲမှာ ​ကမ္ဘာ့ ​ဒုတိယ ​အများဆုံး ​နိုင်ငံဖြစ်ပြီး ​အရှေ့တောင်အာရှ ​နိုင်ငံတွေထဲမှာ ​တရားမဝင် ​ဓာတုမူးယစ်ဆေးဝါး ​ထုတ်လုပ်မှု ​အများဆုံးနိုင်ငံအဖြစ် ​နာမည်ဆိုးနေတာ ​ဖြစ်ပါတယ်။

အဲဒီလို ​ရာဇဝတ်မှု ​လုပ်ရပ်တွေဟာ ​မြန်မာနိုင်ငံရဲ့ ​ဖွံ့ဖြိုးမှုကို ​ထိခိုက်နိုင်ပြီး ​ပြည်သူတွေ ​လုံခြုံရေးကို ​ထိခိုက်နိုင်သလို ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်ကိုပါ ​ထိခိုက်နိုင်တယ်လို့ ​ကုလသမဂ္ဂရဲ့ ​မူးယစ်ဆေးဝါး ​တိုက်ဖျက်ရေး ​ဆိုင်ရာဌာန ​အရာရှိ ​Jeremy ​Douglas ​က ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၃ ​ခုနှစ်တုန်းက ​မြန်မာနိုင်ငံရဲ့ ​ဘိန်းထုတ်လုပ်မှုဟာ ​တန်ချိန်ပေါင်း ​၈၇၀ ​လောက်ရှိပြီး ​စံချိန်ချိုးတဲ့အထိ ​ထုတ်လုပ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ဓာတုဆေးဝါးနဲ့ ​ဖော်စပ်ထားတဲ့ ​စိတ်ကြွဆေးပြား ​ထုတ်လုပ်မှု ​ဟာလည်း ​များပြားလာတဲ့ ​အတွက် ​ဖမ်းဆီးရမိ ​မှုတွေလည်း ​များပြားလာပါတယ်။

ဒီလို ​ရာဇဝတ်မှု ​လုပ်ငန်းကနေ ​တဆင့် ​ငွေမဲကို ​ငွေဖြူလုပ်ဆောင် ​နေသူတွေရှိတဲ့ ​အတွက် ​ဒီလုပ်ရပ်တွေကို ​တိုက်ဖျက်ဖို့ ​ဒီရက်ပိုင်းတုန်းကပဲ ​ငွေကြေးခဝါချမှု ​တိုက်ဖျက်ရေး ​ဗဟိုအဖွဲ့အစည်းကို ​ဖွဲ့စည်းလိုက်ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-19/1358310

မြန်မာနိုင်ငံ နယ်စပ်တနေရာမှာ တွေ့ရတဲ့ ဘိန်းစိုက်ခင်း (Credit: Reuters) 

မြန်မာနိုင်ငံက ရာဇ၀တ်မှုနဲ့ မူးယစ်ဆေး ပြဿနာ တွေဟာ တည်ငြိမ်ဖွံ့ဖြိုးရေးကို ထိခိုက်နိုင်   မြန်မာနိုင်ငံက ရာဇ၀တ်မှုနဲ့ မူးယစ်ဆေး ပြဿနာ တွေဟာ တည်ငြိမ်ဖွံ့ဖြိုးရေးကို ထိခိုက်နိုင် Reviewed by သစ်ထူးလွင် on 01:00 Rating: 5
Powered by Blogger.