ငါးပိစက်မှ လုပ်သားတစ်ဦး ငါးပိစက်ကြိတ်လုံးထဲသို့ လက်တစ်ဖက်ညပ်

 ၂၄၊၇၊၂၀၁၄ ရက်နေ့ ညနေ (၅း၀၀) နာရီခန့်က ပြည်-တောင်ကုတ်လမ်းမကြီး အောင်တော်မူ ဘုရား အနီး Rose ဓာတ်ဆီဆိုင်ရှေ့ လမ်းကြား အတွင်းရှိ ငါးပိစက်မှ မိုးမေတ္တာ နာရေး ကူညီမှု အသင်း - ပြည် အသင်းသို့ ဖုန်းဖြင့် အကူအညီ တောင်းခံ မူကြောင့် အသင်းမှ Ambulance ယာဉ်ဖြင့် သွားရောက်  ကူညီရန် ရောက်ရှိ ခဲ့ကြပါသည်။

ငါးပိစက်အတွင်းသို့ရောက်ရှိသောအခါလူနာမှာ ငါးပိစက်ကြိတ်လုံးထဲသို့ လက်တစ်ဖက်ကညပ်ပါသွားပြီး ပြန်ထုပ်မရသောအနေအထားတွင်ရှိနေခဲ့ပါသည်။အသင်းမှလည်း ထိုစက်ကြိတ်လုံးကိုခွဲထုတ်ပြီး ညပ်ပါနေသောလက်ကို ပြန်ထုတ်ကယ်ဆယ်ယူရန် ပစ္စည်းများမရှိသဖြင့် မြို့နယ်မီးသတ်ဌာနသို့ အရေးပေါ်အကူအညီတောင်းခံခဲ့ရပြန်ကါသည်။မကြာမီ မီးသတ်ဌာနမှရောက်ရှိလာခဲ့သော်လည်း ထိုစက်ကြိတ်လုံးအားခွဲထုတ်ပစ်ရန်ပစ္စည်းမပြည့်စုံသဖြင့် အသင်းဝင်များဖြစ်သော မိဘဂုဏ်ကားဝပ်ရှော့မှ လိုအပ်သောပစ္စည်းများကိုပြန်ယူခဲ့ကြပြီး မြို့နယ်မီးသတ်ဌာန မိဘဂုဏ်ကားဝပ်ရှော့နှင့် အသင်းသားများမှ ထိုစက်ကြိတ်လုံးအားဝိုင်းဝန်းခွဲထုတ်ခဲ့ကြရာည(၈း၄၅)မိနစ်တွင်မှ ခက်ခက်ခဲခဲခွဲထုတ်နိုင်ခဲ့ပါသည်။

ထိုခွဲထုတ်နေစဉ်အချိန်များအတွင်း လူနာ၏ ခံစားနေရသော ဝေဒနာလျော့ပါး ပျောက်ကွယ်သွား စေရန်အတွက် အကူအညီတောင်းခံမူကြောင့် ရောက်ရှိနေသည့် အသင်းမှ သူနာပြုဆရာမနှင့် အသင်းသားများမှ လိုအပ်သော ဆေးဝါးပြုစုကုသမူများနှင့် ရှေစဦး အသက်ကယ်မူများဖြင့် ပြုစုကုသထားခဲ့ရပါသည်။ ငါးပိစက်ကြိတ်လုံးအားခွဲထုတ်ပြီး ည(၉း၀၀)နာရီနီးပါးဖြစ်မှသာ လူနာအားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

ထိုဖြစ်စဉ်များတွင် အရေးပေါ်ကြုံတွေ့ခံစားခဲ့ရသောလူများမှာ မဖြစ်သင့်ပါပဲ ကြုံတွေ့ခံစားခဲ့ကြရခြင်းများ ဖြစ်ပါသည်။ လုပ်ငန်းများတွင် လုပ်သက်မကျွမ်းကျင်မူများ ရှိသော အလုပ်သမားများကို လုပ်ငန်း ရှင်များကလည်း အထူးသတိထားသင့်ပါသည်။ အထူးသဖြင့်ယခုလို ကြိတ်လုံးစက်များအားခွဲထုတ်နေစဉ် ကာလဟာ(၄း၀၀) နာရီခန့်ကြာမြင့်ခဲ့ပါသည်။

ထိုအချိန်အတောအတွင်း ဝေဒနာရှင်သည် သွေးလွန်ခြင်း(သို့) အခြားအကြောင်းအရာတစ်ခုခုကဖြင့် အသက်အန္တရယ် ထိခိုက်သွားနိုင်ပါသည်။ ထိုအချိန်ကာလများတွင် အလွယ်တကူခေါ်ယူကူညီနိုင်သော ဆေးဝါးကျွမ်းကျင်သူဆရာဝန်များ ခေါ်ယူရရှိခဲ့ပါက လူနာများ၏ဝေဒနာခံစားရမူများသည် အနည်းအပါးလျော့ပါးသက်သာစရာနည်းလမ်းများလည်းရှိနေခဲ့ပါသည်။ လာရောက်အကူအညီပေးသော လူမူအဖွဲ့အစည်းများ၏ စက်ပစ္စည်းမပြည့်စုံမူများကလည်း ဝေဒနာရှင်၏ခံစားနေရမူများကို ပိုပြီးကြန့်ကြာနေစေခဲ့ရသဖြင့် အသင်းမှအထူးပင်ဝမ်းနည်းခဲ့ရပါသည်။

မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည်



ငါးပိစက်မှ လုပ်သားတစ်ဦး ငါးပိစက်ကြိတ်လုံးထဲသို့ လက်တစ်ဖက်ညပ်  ငါးပိစက်မှ လုပ်သားတစ်ဦး ငါးပိစက်ကြိတ်လုံးထဲသို့ လက်တစ်ဖက်ညပ် Reviewed by သစ်ထူးလွင် on 13:56 Rating: 5
Powered by Blogger.