သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ

 ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ)

ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃) နယ်ခြားစောင့်တပ်ဖွဲ့မှ သတင်းအရ ရှာဖွေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြောက်ဘက် ဘော်ဂရာ (Bogra)ခရိုင်အတွင်း ကျေးရွာတစ်ရွာရှိ ရေကန်တခုအတွင်းမှ ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိချိန်မှာ လွန်ခဲ့သည့် ကြာသပတေးနေ့ နေ့လည် ၂ နာရီခန့်တွင်ဖြစ်ပြီး ရွာအမည်မှာ ယင်းဘော်ဂရာခရိုင်အတွင်းရှိ အာန္တာဟာ့ရ်ရွာ ဖြစ်ကြောင်း သိရသည်။

ဘော်ဂရာခရိုင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အုတ်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ဒါဇင်နှင့် ချီပြီး တူးဖေါ် ရရှိထားသော ဒေသတစ်ခု ဖြစ်သည်။

(နိရဉ္စရာ- ၂၇ ဇူလိုင် ၂၀၁၄)/ မောင်အေး
http://www.narinjara.com/burmese/?p=11312

ဖမ်းဆီးရမိသော ရုပ်ပွားတော်အား တွေ့ရစဉ် ( ဓါတ်ပုံ- Bd24news)

သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ   သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ Reviewed by သစ်ထူးလွင် on 13:49 Rating: 5
Powered by Blogger.