မြန်မာ(ကော့သောင်း) - ထိုင်း(ရနောင်း) ကူတို့ ပဲချိတ် ပြဿ နာ ပြေလည် မှုရ

 မြန်မာ(ကော့သောင်း) - ထိုင်း(ရနောင်း) ကူတို့ ပဲချိတ် များ အလှည့်ကျ ပြေးဆွဲစနစ် အား မကျေနပ်မှုကြောင့် ဒေသအာဏာပိုင် အဖွဲ့ မှ နှစ်နိုင်ငံ ညှိနှိုင်း ပြေလည်မှုရရှိ

 ကော့သောင်း ၊ ဇူလိုင် ၂၂

 မြန်မာနိုင်ငံ ၏ ထိုင်း-မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့ တွင် နှစ်နိုင်ငံ ပြည်သူများ ကူသန်း သွားလာ ရောင်းဝယ် ဖေါက်ကား ရာတွင် ပါချန်မြစ် ကိုဖြတ်သန်း ၍ ကူတို့လှေငယ်(ပဲ့ချိတ်) များကိုအသုံးပြု သွားလာကြရ သည်။ ပြေးဆွဲ ပို့ဆောင် ပေးနေကြသည့် ပဲ့ချိတ်များ တွင် မြန်မာနိုင်ငံ သားပိုင် နှင့် ထိုင်းနိုင်ငံသား ပိုင် ကူတို့ လှေ(ပဲ့ချိတ်) များ ဖြစ်ကြသည်။ အဆိုပါ နေ့စဉ်ပုံမှန် ပြေးဆွဲ သွားလာနေရာ မှ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်း မှ စတင် ၍ (မြန်မာနိုင်ငံဘက် ပဲ့ချိတ်ရေယာဉ် မောင်းနှင်းသူများ မှ)ရပ်နားထား ကြောင်းသိရသည်။

ဖြစ်စဉ် မှာ ထိုင်းနိုင်ငံ (ရနောင်းခရိုင်) ဘက် တာဝန်ရှိအဖွဲ့အစည်းများ က ဇူလိုင် ၂၂ ရက် မှ စတင်၍ ပဲ့ချိတ်လှေငယ်များအား မသမာသူများ မိုက်ကြေးခွဲမှု၊ မူးယစ်ဆေးဝါးပြသနာ၊လူကုန်ကူးမှုပြသနာ၊ စည်းကမ်းမဲ့ ရေယာဉ်မောင်းနှင်သူတစ်ချို့ကြောင့် ခရီးသွားပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရခြင်း စသည့် ဖြစ်စဉ်များကြောင့် စနစ်တကျ အလှည့်ကျစနစ်ဖြင့် တွက်ခွာပြေးဆွဲ ကြရ မည့် နှစ်နိုင်ငံသဘောတူညီမှု အစီအစဉ်ကြောင့် ဖြစ်ကြောင်းသိရသည်။ အဆိုပါ အစီအစဉ် မစတင်မှီ ကာလ က ပဲ့ချိတ် လှေများ ပြေးဆွဲရာတွင် မိမိတို့ ၏ ဖေါက်သည်များ ၊ ကန်စတန်မာများ ဖြင့် အလျဉ်းသင့် သလို သယ်ယူပို့ဆောင် ပြေးဆွဲ ပေးခဲ့ကြခြင်းဖြစ်ရာ အလှည့်ကျစနစ် ကျင့်သုံးပါက နှစ်နိုင်ငံ ပဲ့ချိတ်အစီးရေ (၂၀ဝ)ကျော် ခန့်နေ့စဉ်ပြေးဆွဲ နေသဖြင့် တစ်ရက် လျှင် တစ်ကြိမ် အလှည့်ကျရန် ခဲရင်း မည်ဖြစ်ရာ ပဲ့ချိတ်မောင်းနှင် သူ မိသားစုများ စာဝတ်နေရေး အခက်အခဲဖြစ် လာ နိုင်၍ မကြေမလည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ် ကြောင့် ကော့သောင်းခရိုင် /မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အစည်းများ မှ တာဝန်ရှိသူများ မှ ထိုနေ့ နံနက်ပိုင်း တွင် ပဲ့ချိတ်မောင်းနှင်သူများ ၏ မကြေလည်မှု အား နှစ်နိုင်ငံ ဒေသ အာဏာပိုင်အဖွဲ့ အစည်း အချင်းချင်း အပြန်အလှန် ပြန်လည်ညှိနှိုင်း ပေးမှုကြောင့် ပြေလည်မှု ရ ရှိပြီး အလှည့်ကျ ထွက်ခွာသည့်စနစ် အစား ယခင် အနေအထား အတိုင်း စည်းကမ်းတကျ ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် ကင်းစွာ သွားလာပို့ဆောင်ပေးကြရန် သဘောတူညီမှုရရှိခဲ့ကြပြီး မြန်မာ(ကော့သောင်းခရိုင်) - ထိုင်း(ရနောင်းခရိုင်) နှစ် နိုင်ငံ နယ်စပ်ကူးသန်းသွားလာရောင်းဝယ်ဖေါက်ကားမှုပုံမှန် အနေထား ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မြန်မာ(ကော့သောင်း) - ထိုင်း(ရနောင်း) ကူတို့ ပဲချိတ် ပြဿ နာ ပြေလည် မှုရ   မြန်မာ(ကော့သောင်း) - ထိုင်း(ရနောင်း) ကူတို့ ပဲချိတ် ပြဿ နာ ပြေလည် မှုရ Reviewed by သစ်ထူးလွင် on 02:47 Rating: 5
Powered by Blogger.