ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွား

 တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​လက်မှတ်ရေးထိုးနိုင်ဖို့ ​တိုင်းရင်းသား ​ထိပ်သီး ​ခေါင်းဆောင်တွေ ​ကချင်ပြည်နယ် ​လိုင်ဇာမြို့မှာ ​ရောက်ရှိ ​နေချိန်မှာ ​အစိုးရနဲ့ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူ ​လက်မှတ်ထိုးထားတဲ့ ​ရှမ်းပြည်တိုးတက်ရေး ​ပါတီ ​SSPP/SSA ​ရှမ်းပြည်မြောက်ပိုင်း ​တပ်ဖွဲ့တွေနဲ့ ​အစိုးရတပ်တွေအကြား ​နေ့စဉ်တိုက်ပွဲတွေ ​ဖြစ်ပွားနေပါတယ်။

ရှမ်းပြည် ​တောင်ပိုင်း ​ကျေးသီး ​မြို့နယ်မှာ ​အခြေစိုက်တဲ့ ​ခမရ ​၂၄၇ ​နဲ့ ​ခမရ ​၂၄၈ ​တပ်ရင်းက ​အင်အား ​၁၀၀ ​လောက်ရှိတဲ့ ​အစိုးရတပ်ဖွဲ့တွေက ​ဇူလိုင်လ ​၂၀ ​ရက်နဲ့ ​၂၁ ​ရက်နေ့တွေမှာ ​ရှမ်းပြည် ​မြောက်ပိုင်းတပ်တွေ ​အခြေချ ​နေရာ ​ယူထားတဲ့ ​တပ်စခန်း ​တွေကို ​၀င်ရောက် ​တိုက်ခိုက် ​နေတာဖြစ် ​တယ်လို့ ​SSPP ​ရှမ်းပြည် ​တိုးတက်ရေး ​ပါတီက ​အထွေထွေ ​အတွင်းရေးမှူး ​ဦးခွန်ဆိုင်း ​က ​အခုလို ​ပြောဆိုပါတယ်။

“ဖြစ်တာက ​ဒီလိုလေ ​ပန်ခုံ ​နဲ့ ​ပန်ဆယ် ​ကြား။ ​ခိုအူ ​နဲ့ ​ပန်ဆယ် ​ကြား၊ ​မနေ့က ​ညနေပိုင်း ​တစ်နာရီခွဲ ​ကနေ ​ညနေ ​သုံးနာရီအထိ။ ​နောက် ​ညနေ ​သုံးနာရီကနေ ​ငါးနာရီအထိက ​ကြိုကြား ​ကြိုကြား ​ပေါ့နော်။ ​ဒီနေ့ကြတော့ ​အစောကြီး ​၆ ​နာရီ ​၁၅ ​ကနေဖြစ်တယ်၊ ​ထိခိုက်မှုကတော့ ​ရှိကြတာပေါ့၊ ​အရပ်သားတွေ ​ပြောတာတော့ ​မနေ့ကတော့ ​သူတို့ဖက်က ​တစ်ယောက်ကတော့ ​ဒဏ်ရာရသွား ​တယ်တဲ့ ​ဒီနေ့ကြတော့ ​မသိသေးဘူး။ ​ပန်စယ်ရွာကို ​သူတို့ ​အဲ့ဖက်ကို ​ဆုတ်သွားတယ် ​နောက်ဆုံး ​အခြေအနေပေါ့ဗျား။ ​ကျနော်တို့ကလည်း ​လိုက်ပြီးတော့ ​မတိုက်ပါဘူး၊ ​သူတို့က ​လာတယ် ​တိုက်တယ်၊ ​ကာကွယ်တဲ့အနေနဲ့ ​ခုခံရတယ် ​ဒါပဲ ​ခုခံတာပဲ။”

အစိုးရတပ်တွေဟာ ​ဇွန်လ ​၂၆ ​ရက်နေ့ကတည်းကစလို့ ​အသိပေးအကြောင်းကြားတာမရှိပဲ ​SSPP ​နယ်မြေထဲ ​၀င်ရောက် ​တိုက်ခိုက် ​လာနေတာဖြစ်ပြီး ​တိုက်ပွဲကြောင့် ​ဒေသခံ ​ပြည်သူ ​၂၀၀ ​လောက် ​ဟာလည်း ​ဒုက္ခသည်တွေအဖြစ် ​ထွက်ပြေး ​ပုန်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

ဇူလိုင်လဆန်းပိုင်းက ​အစိုးရ ​ထိပ်သီးခေါင်း ​ဆောင်တွေနဲ့ ​ရှမ်းလက်နက်အဖွဲ့ခေါင်းဆောင်တွေ ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ကြပြီး ​နှစ်ဖက် ​ပစ်ခတ်မှုတွေ ​ထပ်မံ ​မဖြစ်ပွားအောင် ​ညွန်းကြားမှုတွေ ​ပေးသွားမယ်လို့ ​သဘောတူခဲ့ကြပေမယ့် ​အခုလို ​၀င်ရောက်တိုက်ခိုက်မှုတွေ ​ပြုလုပ်လာတာဟာ ​ယုံကြည်မှု ​ပျက်ပြားစေနိုင်တယ်လို့ ​လည်း ​ဦးခွန်ဆိုင်း ​က ​ပြောပါတယ်။  

“သူတို့က ​နယ်မြေစိုးမိုးရေးလို့ ​အကြောင်းပြတာပေါ့၊ ​နယ်မြေစိုးမိုးရေး ​အကြောင်းပြရအောင် ​ကျနော်တို့က ​အခုဟာ ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်လည်းထိုးတာ ​၂ ​နှစ်လည်းကျော်လာပြီ ​အဲ့လိုနည်းနဲ့ ​နယ်မြေစိုးမိုးရေးဆိုပြီးမှ ​၀င်ဝင်တိုက်နေလို့ကတော့ ​နှစ်ပေါင်း ​၆၀ ​ကျော်ကြာ ​တစ်ယောက်နဲ့ ​တစ်ယောက် ​အထင်အမြင် ​လွဲမှားမှုတွေဟာ ​ရှိပြီးတော့ ​ယုံကြည်မှုတွေလည်း ​ပျက်ပြားခဲ့ကြဦးမှာ၊ ​အခုလို ​ကျနော်တို့ ​အပစ်အခတ်ရပ်စဲရေး ​လုပ်ပြီးတော့မှ ​နိုင်ငံရေး ​ကိစ္စကို ​နိုင်ငံရေးအရ ​ဖြေရှင်းဖို့ ​နိုင်ငံရေး ​ဆွေးနွေးပွဲ ​လုပ်သွားဖို့ ​ဆိုတဲ့ ​ကိစ္စတွေမှာ ​အဲ့ဒီအတွက် ​တစ်ယောက်နဲ့တစ်ယောက် ​ယုံကြည်မှု ​ထိခိုက်စေတာပေါ့ဗျား။”

ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ ​အစိုးရတပ်တွေ ​တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ​ပတ်သက်ပြီး ​အစိုးရရဲ့ ​နေ့စဉ်ထုတ် ​မြန်မာ့အလင်းသတင်းစာမှာတော့ ​ရှမ်းပြည်တိုးတက်ရေးပါတီ ​SSPP/SSA ​ရှမ်းပြည် ​မြောက်ပိုင်း ​တပ်ဖွဲ့ဟာ ​ငြိမ်းချမ်းရေး ​သဘောတူညီချက်ကို ​ဖောက်ဖျက်နေကြောင်း၊ ​အစိုးရတပ်က ​စစ်ကြောင်းကို ​အလစ်အငိုက် ​တိုက်ခိုက်နေကြောင်း ​ဖော်ပြထားပြီး ​အခုဖြစ်ပွားနေတဲ့ ​တိုက်ပွဲဟာလည်း ​SSPP ​ဖက်က ​စတင်တိုက်ခိုက်တာဖြစ်တယ်လို့ ​ရေးသား ​ထားကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။  

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-22/1346135

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ (Credit: ABC) 

ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွား  ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွား Reviewed by သစ်ထူးလွင် on 06:17 Rating: 5
Powered by Blogger.