ပြည်သတင်းထောက် ဦးရေခဲကို ဒီနေ့ အမိန့်ချမည်

 ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သတင်းထောက် ဦးရေခဲကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီ ဒီနေ့ ညနေပိုင်း အမိန့်ချမယ်လို့ သတင်းထောက် ဦးရေခဲက ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် ကျခံရမှာပါ။ တရားရုံးမှာ ရှေ့နေမငှားပဲ ပုဒ်မ ၁၈နဲ့ မညီပဲ ဆန္ဒပြတာလို့ ကိုယ်တိုင် ၀န်ခံထားပါတယ်” လို့ ဦးရေခဲက ဆိုပါတယ်။
ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေးအတွက် ပြည်အခြေစိုက် သတင်းထောက်တွေက ဇွန်လထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင် ဦးရေခဲကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားမ၀င် စီတန်းလှည့်လည်တဲ့ ပုဒ်မ-၁၈ နဲ့ ဦးရေခဲကို ပြည်ခရိုင်တရားရုံးက ရုံးချိန်း ၁၀ ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဒီနေ့ ညနေ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်သူတွေကို တရားမ၀င် စီတန်းလှည့်လည်တဲ့ ပုဒ်မ ၁၈ နဲ့ မကြာခဏအရေးယူနေပြီး ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲကို သွားရောက် သတင်းရယူရင်း ဆန္ဒပြခဲ့ကြတဲ့ သတင်းသမား ၅၀ ကျော်ကို ကမာရွတ်ရဲစခန်းက စီတန်းလှည့်လှည်ဆန္ဒပြခွင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60423

ပြည်သတင်းထောက် ဦးရေခဲ

ပြည်သတင်းထောက် ဦးရေခဲကို ဒီနေ့ အမိန့်ချမည်  ပြည်သတင်းထောက် ဦးရေခဲကို ဒီနေ့ အမိန့်ချမည် Reviewed by သစ်ထူးလွင် on 13:52 Rating: 5
Powered by Blogger.