မလိခမြစ်အတွင်း စက်လှေနစ်မြုပ်ရာမှလူ(၃)ဦး ပျောက်ဆုံး

 အင်ဂျန်းယန် ဇူလိုင် ၁၆

အင်ဂျန်းယန်မြို့နယ် ရေပိုင်နက် မလိခမြစ် အတွင်း တီယန်ဇွပ် ကျေးရွာ မှ မြစ်ကြီးနား မြို့သို့ယာဉ်မောင်း အောင်သူ မောင်းနှင်လာသော (ကံထူးအောင်) အမည်ရှိရေယာဉ်သည် ဇွန် (၈) ရက်၊ ညနေ (၅) နာရီတွင် တီယန်ဇွပ် ကျေးရွာမှ (၁၀) မိုင် (၅) ဖာလုံခန့်အကွာနှင့် မြစ်ကြီးနားမြို့မှ (၄၃) မိုင် (၃) ဖာလုံခန့် အကွာတွင် စက်လှေမှာ ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ် သွားခဲ့ရာ ရေယာဉ်ပေါ်လိုက်ပါ လာသူများ အနက် အမျိုးသား (၂) ဦးနှင့် ကလေး (၁) ဦး ရေနစ်မြုပ်ပျောက်ဆုံး နေမှုနှင့်ပတ် သက်၍ဇူလိုင် (၁၀) ရက်က အင်ဂျန်းယန်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar





မလိခမြစ်အတွင်း စက်လှေနစ်မြုပ်ရာမှလူ(၃)ဦး ပျောက်ဆုံး  မလိခမြစ်အတွင်း စက်လှေနစ်မြုပ်ရာမှလူ(၃)ဦး ပျောက်ဆုံး Reviewed by သစ်ထူးလွင် on 14:06 Rating: 5
Powered by Blogger.