လမ်းစပ်မှ လမ်းလျှောက်နေသူကို ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

 ၉.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း တောင်မှမြောက်သို့ သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ဦးချစ်ဝင်း (၆၁)နှစ် မောင်းနှင်လာသော AA/---- ADဗင် အဖြူရောင်အငှားယာဉ်သည် မအူကုန်း လမ်းအလွန်အရောက် ယာဘက်လမ်းစပ်မှ လမ်းလျှောက် နေသော တာမွေမြို့နယ်နေ ဒေါ်နွယ်နီဦး (၅၁)နှစ်အား တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်နွယ်နီဦးတွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲ၊ ဝဲမျက်ခုံး ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့သဖြင့် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးချစ်ဝင်းအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice



လမ်းစပ်မှ လမ်းလျှောက်နေသူကို ယာဉ်တိုက်ခံရသဖြင့် သေဆုံး  လမ်းစပ်မှ လမ်းလျှောက်နေသူကို ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 16:09 Rating: 5
Powered by Blogger.