အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို

 အိန္ဒိယနိုင်ငံမှာ ​အသက် ​၆ ​နှစ်အရွယ် ​ကလေးမလေးတစ်ဦးကို ​ကျောင်းအမှုထမ်းတွေက ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

ဘင်္ဂလောမြို့က ​နာမည်ကြီး ​ကျောင်းတစ်ကျောင်းမှာ ​တက်ရောက်နေတဲ့ ​အသက် ​၆ ​နှစ်အရွယ် ​ကျောင်းသူမလေးကို ​ကာယလေ့ကျင့်ခန်း ​ဆရာနဲ့ ​ကျောင်း ​လုံခြုံရေးတွေ ​ပါဝင်တဲ့ ​လူတွေက ​မဖွယ် ​မရာ ​ပြုခဲ့ ​တယ်လို့ ​ပြောဆိုနေကြတာပါ။

အဲဒီ ​၆ ​နှစ်အရွယ် ​ကျောင်းသူလေးဟာ ​လွန်ခဲ့တဲ့ ​နှစ်ပတ်လောက်ကတည်းက ​မုဒိမ်းကျင့်ခံရတာဖြစ်ပေမယ့် ​နေထိုင်ရတာ ​မကောင်းကြောင်း ​မိခင်ဖြစ်သူကို ​ဒီရက်ပိုင်းမှ ​ပြောပြတဲ့အခါမှသာ ​မိခင်က ​သံသယဖြစ်ပြီး ​ဆရာဝန်ဆီ ​ခေါ်ပြရာက ​သိရတာ ​ဖြစ်ပါတယ်။

ကျောင်းအမှုထမ်းတွေက ​ကလေးကို ​မဖွယ်မရာ ​ပြုတယ်ဆိုတဲ့ ​သတင်းတွေ ​ကြားတာနဲ့ ​တခြား ​မိဘတွေကလည်း ​ကျောင်းရှေ့မှာ ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသူမ ​တစ်ဦးကို ​အမျိုးသားတစ်စုက ​ဝိုင်းပြီး ​မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ ​သတင်းက ​ကမ္ဘာကို ​ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း ​အိန္ဒိယနိုင်ငံမှာ ​မုဒိမ်းမှုတွေအပေါ် ​အာရုံစိုက်မှုတွေ ​များပြားလာပြီး ​အမှုဖြစ်ပေါ်လာပြီဆိုရင်လည်း ​တိုင်ကြားတာတွေ၊ ​ရှုတ်ချ ​အရေးယူမှုတွေ ​ပိုမိုလုပ်ဆောင် ​လာနေကြပါတယ်။

မုဒိမ်းမှုကို ​တိုင်ကြားတာတွေ ​များပြားလာတာကို ​ကြည့်ခြင်းအားဖြင့် ​အာဏာပိုင်တွေအနေနဲ့ ​ဒီအမှုတွေအပေါ် ​အလေးထားလာတဲ့အကြောင်း ​ပြသရာရောက်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-18/1344833

မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အိန္ဒိယ အမျိုးသမီးတွေ (Credit: ABC) 

အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို  အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို Reviewed by သစ်ထူးလွင် on 09:24 Rating: 5
Powered by Blogger.