တရုတ်နိုင်ငံတွင် မူကြိုကား ရေကာတာထဲကျ၊ ၁၁ ဦး သေဆုံး

 တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ပြည်နယ်မှာ မူကြိုကလေးငယ်တွေကို တင်ဆောင်လာတဲ့ မီနီဘတ်စ်တစီး ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရေကာတာထဲ ကျော်ကျလို့ ကားပေါ်ပါတဲ့ ၁၁ ဦးလုံး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူတွေကတော့ ကလေးငယ် ၈ ဦး၊ ဆရာ ၂ ဦး နဲ့ ကားမောင်းသမား ၁ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ပါတယ်။

တရုတ်ပြည်သူတွေ ပြစ်တင်ဝေဖန်နေကြတဲ့ တရုတ်ကားလမ်းတွေနဲ့ ယာဉ်မတော်တဆမှုတွေထဲက နောက်ဆုံး မတော်တဆဖြစ်ရပ်လည်းဖြစ်ပါတယ်။

ရေကာတာထဲ မီနီဘတ်ကျသွားတဲ့နေရာဟာ လူသူဝေးကွာပြီး ကားတစီးလုံးလည်း ရေထဲနစ်မြှုပ်သွားတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။

စီးနင်းသူ ၇ ဦးပဲ လိုက်ပါနိုင်တဲ့ မီနီဘတ်စ်ကားထဲမှာ စီးနင်းသူ ၁၁ ဦး ရှိခဲ့တယ်လို့ သေဆုံးသွားတဲ့ ကလေးတဦးရဲ့ ဖခင်က ပြောပါတယ်။

ရေကာတာထဲ ကားကျသွားတဲ့နေရာမှာ လမ်းဘေး အရန်အတား မရှိဘူးလို့လည်း တရုတ်သတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အခုလို လမ်းမတော်တဆမှုတွေမှာ ကျောင်းသူကျောင်းသားတွေ မကြာခဏသေဆုံးနေကြလို့ ကျောင်းသားပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ အဆင့်မြှင့်ဖို့၊ ငွေကြေးပိုမိုထောက်ပံ့ဖို့ တရုတ်အစိုးရက ကတိပေးထားပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/60096


တရုတ်နိုင်ငံတွင် မူကြိုကား ရေကာတာထဲကျ၊ ၁၁ ဦး သေဆုံး  တရုတ်နိုင်ငံတွင် မူကြိုကား ရေကာတာထဲကျ၊ ၁၁ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 18:42 Rating: 5
Powered by Blogger.