ဂါနာအသင်းက ဂျာမဏီကို နိုင်လိမ့်မည်ဟု ရေဘ၀ဲ ရဂျီးနား ခန့်မှန်း

 ဂါနာအသင်းက ဂျာမဏီကို အနိုင်ရလိမ့်မယ်လို့ ဂျာမဏီ ငါးပြတိုက်ထဲက ရေဘ၀ဲ ရဂျီးနားက ခန့်မှန်းလိုက်ပါတယ်။

ဘာလင်မြို့မှာရှိတဲ့ ငါးပြတိုက်ထဲက ရဂျီးနားက ဂျာမဏီနဲ့ ဂါနာ အလံ ၂ ခု ကပ်ထားတဲ့ အဖုံးထဲကို အစာထည့်ထားတာပါ။

ရေဘ၀ဲလ်က ဂါနာအလံရှိတဲ့ အဖုံးထဲက အစာကို ယူစားပြီး ဂါနာ အနိုင်ရမယ်လို့ ခန့်မှန်းလိုက်တာပါ။

ရေဘ၀ဲလ် ရဂျီနားဟာ ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ဂျာမဏီ အနိုင်ရမယ်ဆိုတဲ့ ခန့်မှန်းချက် မှန်ကန်ခဲ့ဖူးပါတယ်။ ဂါနာ အနိုင်ရမယ်ဆိုတဲ့ ဒီတကြိမ် ခန့်မှန်းချက်ဟာ ဘယ်လောက်ထိ မှန်ကန်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

ဘရာဇီးက ခေါင်းကြီးလိပ်ကတော့ ပထမပွဲစဉ် ခန့်မှန်းချက် မှန်ကန်ခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ မက္ကဆီကိုက ဘရာဇီးကို နိုင်မယ်ဆိုတဲ့ ခန့်မှန်းချက် လွဲခဲ့ဖူးပါတယ်။

   By ဒီဗွီဘီ


ဂါနာအသင်းက ဂျာမဏီကို နိုင်လိမ့်မည်ဟု ရေဘ၀ဲ ရဂျီးနား ခန့်မှန်း   ဂါနာအသင်းက ဂျာမဏီကို နိုင်လိမ့်မည်ဟု ရေဘ၀ဲ ရဂျီးနား ခန့်မှန်း Reviewed by သစ်ထူးလွင် on 18:29 Rating: 5
Powered by Blogger.