မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး

နေပြည်တော်၊ ဇွန် ၂၉

 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီး ရပ်ကွက် အတွင်း လျှပ်စစ်ဓါတ်ကြိုး ပြတ်ကျ၍ သေဆုံး/ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းရပ်ကွက် မြို့အ၀င်လမ်း၊ တာဆုံအနီးရှိဓါတ်တိုင်အား မိုးကြိုးပစ်ရာ ဓါတ်ကြိုးပြတ်ကျစဉ် “ဒိုင်းမွန်းစတား” လယ်ယာသုံးပစ္စည်းအရောင်းဆိုင်ရှေ့မှ ထွက်လာသည့် ကျောက်တံခါးမြို့နယ်၊ ကုန်းလယ်ရိုးကျေးရွာနေ ဦးအယ်ဒီသန်း(၅၀)နှစ်၏ ကိုယ်ပေါ်သို့ပြုတ်ကျရာ ယာခြေထောက်များအရေခွံလန်လောင်ကျွမ်းကာ ဓါတ်လိုက်သေဆုံးသွားကြောင်းနှင့်ဒိုက်ဦးမြို့နယ်၊ သပြေတောင်ကျေးရွာနေ ဟိန်းဇော်(၂၂)နှစ်မှာ မိုးကြိုးပစ်သည့် အရှိန်ကြောင့်ခေါင်းမူးဝေသွားကြောင်းသိရှိရ၍ ဒိုက်ဦးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး  မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 19:22 Rating: 5
Powered by Blogger.