ရွာတော်ခရိုင်တွင် ဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာတွင် ဖေါ်ပြ

မြန်မာ နယ်စပ် အနီးရှိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ရခိုင်ဝ (Roangchari)  ဒေသတွင် အသက် ၂၄ အရွယ် မာရမာအမျိုးသမီး ဆရာမတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်ဟု The Daily Star သတင်းတွင် ဖေါ်ပြသည်။

ယင်းဆရာမ၏ အမည်မှာ ဦးဖြူ ၂၄ နှစ်ဖြစ်ပြီး Ananda School  အာနန္တဟု အမည်ရသော အန်ဂျီအို တစ်ခုမှ ဖွင့်လှစ်ထားသော ပုဂ္ဂလိက ကျောင်းမှ ဆရာမ ဟု ဆိုသည်။

ရခိုင်ဝမြို့ (Roangchari) မှ ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိ Abdus Sattar Bhuiyan က ဒေသခံများကို ကိုးကားပြီး ယင်းဆရာမကို မုဒိမ်းကျင့် သတ်ဖြတ်သွားသူများမှာ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖေါ်ပြသည်။

သူမ၏ ခန္ဓာတွင် ဒဏ်ရာ အချို့တွေ့ရှိရသဖြင့် သူမသည် မသတ်ခံရမှီ မုဒိမ်းကျင့်ခံခဲ့ရပုံရှိသည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် သောကြာနေ့ ညနေ ၉ နာရီခန့်တွင် ပျောက်ဆုံးသွားပြီး ညဥ့် ၁၁ နာရီခွဲ အချိန်တွင် ချိုင့်ဝှမ်း Vally of Ngarheisatong hill of Bangchhari မှ သူမအလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းပြသနာ ဖြစ်ပွားပြီးနောက် ဒေသခံများက သံသယ ရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရိုတ်ပုတ်ရာ Musalm (၂၈) နှစ်မှာ ဒဏ်ရာဖြင့် ဘင်ဒရိုဘင် ဆေးရုံတွင် သေဆုံးသွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ နောက်တစ်ဦးဖြစ်သူ Tara Chang Tanchangya ခေါ်  Debong Tanchangya အား ရဲက စစ်ဆေးရာ သူနှင့် နောက်ထပ် ရိုဟင်ဂျာ ဆိုသူ (၃) ဦးက ယင်းပြစ်မူအား ကျူးလွန်ခဲ့ကြောင်း ၀န်ခံသည်ဟု ဘင်ဒရိုဘင် ခရိုင်ရဲမင်းကြီးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

(နိရဉ္စရာ-  ၉ ဇွန်လ ၂၀၁၄)



ရွာတော်ခရိုင်တွင် ဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာတွင် ဖေါ်ပြ  ရွာတော်ခရိုင်တွင် ဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာတွင် ဖေါ်ပြ Reviewed by သစ်ထူးလွင် on 17:49 Rating: 5
Powered by Blogger.